ပြည်တွင်း၌ စက်မှုဇုန်၂၈ ခု လည်ပတ်နေကာ တည်ဆောက်ဆဲစက်မှုဇုန် ၂ခု ရှိကြောင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီထံမှ သိရသည်။
ထို့အပြင် စက်မှုရပ်ကွက် ၅ခု ရှိကာ အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များ၊ ရပ်ကွက်များကို စနစ်တကျ ဖော်ဆောင်
နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
စက်မှုဇုန်များအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်သန့်စင်ရေးကိုလည်း အလေးပေးဆောင်ရွက်ကာ စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ဥပဒေ နည်းဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို သေချာစွာလိုက်နာဆောင်ရွက်ရန်လည်း စီစဉ် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
