အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲအစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင် ဥက္ကဌ ဦးလွင်ဦးက ပြောသည်။
ထိုကြောင့် ကဏ္ဍအသီးသီး၊ အဖွဲအစည်းအသီးသီးက အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင် ဥက္ကဌက ယမန်နေ့ကျင်းပသည့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အဂတိလိုက်စားမှုများမှာ နိုင်ငံဖွံဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသကဲ့သို လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများပျ-က်စီးပြီး တရားမျှတသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမည်ဖြစ်ပါကြောင်းလည်း သိရသည်။
အဂတိလိုက်စားမှုတို-က်ဖျ-က်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းရှင်းသော လူမှုအသိုက်အဝန်းကို တည်ဆောက်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားတိုးတက်ဖွံဖြိုးအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လည်း သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲဝင် ဒေါက်တာထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CPU အဖွဲဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
