Friday, January 17, 2025

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...
HomeNewsLocal Newsပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက်...

ပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေး

လေကြောင်း၊ ရေကြောင်း ခရီးစဉ်များဖြင့် ပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။

“ အရင်က ပြည်တွင်းကို ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း တွေကနေ ဝင်လာတဲ့သူတွေဆိုရင် ကာကွယ် ဆေးအနည်းဆုံး နှစ်ကြိမ် ထိုးပြီးတဲ့ ကာကွယ်ဆေးထိုးကဒ်ပြရမယ်။ မပါလာဘူးဆိုရင် (၄၈) နာရီအတွင်း RTP CR နဲ့ ကိုဗစ်ရောဂါရှိမရှိ စစ်ထားတဲ့ စစ်ဆေးချက်ကို ပြပြီးတော့ Negative ဖြစ်ပြီဆိုမှ နိုင်ငံတွင်းကို ဝင်ခွင့်ပြုတယ်။ အဲဒါတွေ မပြနိုင်ရင် ကွာရန်တင်း(သီးခြား) တစ်ပတ်ထားပြီး ပြန်စစ်လို့ Negative ဆိုမှ ဝင်ခွင့်ပြုခဲ့တယ်။ အခုတော့ အဲဒါတွေ အိမ်နီးချင်းနိုင်ငံတွေမှာလည်း မစစ်တော့ဘူး။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဖြေလျှော့လိုက်ပြီ။ ဆေးထိုးကဒ်လည်း ပြစရာမလိုတော့သလို စစ်စရာလည်း မလိုတော့ပါဘူး” ဟု ဒေါက်တာဌေးလွင်က ပြောသည်။

နိုင်ငံတကာလေကြောင်း၊ ရေကြောင်းခရီးစဉ်များဖြင့် ပြည်တွင်းသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ဇူလိုင်လဆန်းပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။

ယင်းကြေညာချက်တွင် ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် ( Health Declaration Form) ကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကြေညာချက်တွင် အချက်အလက်ကမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ နိုင်ငံတွင်းကို ဝင်လာတဲ့သူတိုင်းက Health Declaration Form ကို ဖြည့်ရမယ်။ ဖျားရင် ဖျားတယ်ဆိုတာ သေသေချာချာဖြည့်ပြီးတော့ အဲဒီအထဲမှာ ကိုဗစ်သံသယဖြစ်နိုင်တဲ့လူနာတွေပါခဲ့ရင် လေဆိပ်မှာပဲ ချက်ချင်း ကိုဗစ်ရှိမရှိ စစ်ပါမယ်။ စစ်လို့ ပိုးတွေ့ခဲ့ရင် ဝေဘာဂီဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသဖို့၊ ကွာရန်တင်းထားဖို့တွေ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ကိုဗစ် – ၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အထားအား သက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံအစိုးရ/ကျန်းမာရေးအာခမံလုပ်ငန်းများထံမှလည်းကောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု ကျန်းမာရေးအာမခံလုပ်ငန်းများထံမှ လည်းကောင်း၊ ကိုဗစ် – ၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံအပါအဝင် ကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကျန်းမာရေးအာမခံဝယ်ယူခြင်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထား မတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ် – ၁၉ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ် – ၁၉ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ ခရီးသွားများအနေဖြင့် မြန် မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ ၎င်းတို့သွားရောက်မည့် ( သို့မဟုတ်) ခရီးတစ်ထောက်ရပ်နားမည့် နိုင်ငံများ၏ လိုအပ်ချက်အရ ကိုဗစ် – ၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါရှိကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်းသီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကုသရေးလုပ်ငန်းလမ်းညွှန်များအတိုင်း ကုသမှုခံယူရမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားသားခရီးသည်များ၊ မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် အဆိုပါ ကုန်ကျ စရိတ်များကို ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071