မန္တလေး၊ဇူလိုင် ၁၆
မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြိုနယ် ၁၂၈ လမ်း နှင့် ၆၂ လမ်းအနီးရှိ လျှပ်စစ် ရုံးအတွင်းတွင် ယနေ့ ဇူလိုင်လ ၁၆ရက်နေ့ ကပေါက်ကွဲမှု တစ်ခုဖြစ်ပွါးခဲ့ပါတယ်။
လျှပ်စစ်ရုံး အတွင်းပေါက်ကွဲမှု ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်မှာ ပြင်းထန်ပြီးတော့ လူ၁၀ယောက် ဒဏ်ရာရရှိခဲ့ရာ အရပ်သား၅ဦး၊ ဝန်ထမ်း ၅ဦး တို့ ပါဝင်ပါတယ်။ ၃ယောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပြီး ၂ယောက်ကတော့ သေဆုံးသွားခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးဟာ ဘုံပျံတောရကျောင်း အနီးတည်ရှိကာ ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှု များပြုလုပ်နေပါတယ်။ မည်သူ့ကြောင့်ဆိုတာ မသိရသေးပေ။ ဗုံးကို ကြိုတင် လာထောင်ထားပြီး ရီမုတ်ဖြင့်ဖေါက်ခွဲခြင်းဖြစ်မည် ဟု အနီး နားမှ ပြည်သူများက မှတ်ချက်ပြုနေကြသည်။
ထိုသို့သော ဖြစ်စဉ်များကြောင့် မန္တလေးရှိ အောက်ခြေအုပ်ချုပ်ရေးယန္တယားတွင် တာဝန်ထမ်းေနကြသူ အများစုမှာ အပြည့်အဝ ထမ်းဆောင်နိုင် ရန် စိုးရိမ်စိတ်မြှင့်တက်လျှက်ရှိကြောင်းလည်း ကြားသိရသည်။