မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရှိ ထင်းရှူးတောအစပ်တွင် ခွေးဘီလူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး အသ-က်ဆုံ-းရှုံးခဲ့ရကြောင်း ပြင်ဦးလွင်မြို့နယ်မီးသ-တ်ဦးစီးဌာနနှင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၂)၊ ရေချမ်းအိုး(တောင်)၊ မြို့ရှောင်လမ်း၊ ဖက်ဆွတ်ကန်အနီး ထင်းရှုးတောအစပ်၌ မေ (၇)ရက်၊ ည (၆) နာရီ (၄၅) မိနစ်အချိန်ခန့်က ယာဉ်မတော်တဆဖြစ်ပြီး လူညပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာအရောက် အရှိန်လွန် တိမ်းမှောက်ထားသည့် ခွေးဘီးလူးယာဉ်အတွင်း ညပ်နေသည့် အမျိုးသား (၃)ဦးကို ဆွဲထုတ်ခဲ့သော်လည်း အသ-က်ဆုံ-းရှုံးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသား (၃)ဦး ရုပ်အလောင်းများကို သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ လူနာတင်ယဉ်များဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။