မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ်(၁)နယ်မြေ၊ ဒီဇင်ဘာခြံအနီး ကား(၁)စီး ဘရိတ်ချို့ယွင်းကာ ရှေ့ဘီးပေါက်၍ ချောက်ထဲကျကာ ယာဉ်ပေါ်ပါ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီ (၁၇)ရက်၊ နေ့လည်ပိုင်းက ဒီဇင်ဘာခြံအနီး ရေတံခွန်အဆင်းတွင် ကားတစ်စီး ချောက်ထဲကျကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကူအညီတောင်းခံချက်အရ လူနာတင်ယာဉ် (၄)စီးဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရှိသူ (၁၃)ဦးနှင့် အသက်ဆုံးရှုံးသူ ကလေးငယ် (၁)ဦးတို့အား ပြည်သူ့ဆေးရုံကြီးသို့ အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။



