မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်ရှိ X-Ray(ဝက်ဝံ) တွင် အမျိုးသား ၅ ဦးထံမှ မတ် ၂ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၁၁ နာရီ ၁၀ မိနစ်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊၀က်ဝံကျေးရွာရှိ X-Ray(၀က်ဝံ) တွင် စိုင်းဦး(၂၁)နှစ်မောင်းကာ မျိုးမင်းသက် (၂၃)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်၊ကျိမ်ခမ်း (၁၉)နှစ်မောင်းကာ သီဟဇော်(၂၂)နှစ်လိုက်လာသည့်ဆိုင်ကယ်နှင့်လှ၀င်းဦး(ခ)မွမ်းခမ်း(၂၀)နှစ်မောင်းလာသည့် ဆိုင်ကယ်တို့အား စစ်ဆေးခဲ့ကြသည်။
၎င်းတို့ထံမှ ငွေကျပ် ၁၄၆၂ ဒသမ ၆၅ သိန်းတန် ဖိုးရှိ စိတ်ကြွဆေးပြား ၉၇၅၁၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၅ ဦးအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်သည်။