Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsပြင်ဦးလွင်တွင် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင်အရည်အသွေးဖြင့်...

ပြင်ဦးလွင်တွင် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင်အရည်အသွေးဖြင့် မျိုးထုတ်လုပ်နိုင်ရန် သုတေသနပြုဖော်ထုတ်ဆောင်ရွက်နေ

ပြင်ဦးလွင်ဒေသတွင် ဖြစ်ထွန်းနိုင်သည့် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင် အရည်အသွေးဖြင့် မျိုးထုတ်လုပ်နိုင်ရန် သုတေသနပြုဖော်ထုတ်ဆောင်ရွက်နေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ ဒိုးကွင်ဥယျဥ်ခြံတွင် သုတေသနပြုကာ မျိုးစေ့များထုတ်လုပ်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး မင်းနောင် ဒီဇင်ဘာလ (၂) ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒိုးကွင်ခြံသည် အကျယ်အဝန်း (၄၀ ဒသမ ၄၆) ဧကရှိပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ဒေသသစ်ခွပန်းမျိုး စုဆောင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ သ စ်ခွမျိုးပေါင်း (၁၀၃) မျိုး စုဆောင်းထားရှိပြီး တစ်သျှူးနည်းပညာဖြင့် မျိုးပွားများခြင်း၊ မင်္ဂလာဒုံသစ်ခွခြံ၊ ဘားလားသစ်ခွခြံတို့နှင့် သစ်ခွမျိုးစပ်ခြင်း၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်္ဂလာဒုံသစ်ခွခြံမှ မျိုးစပ်ထုတ်လုပ်သော သစ်ခွစပ်မျိုး (၁၂) မျိုးအား ပြင်ဦးလွင်ဒေသ ရေမြေအခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စမ်းသပ်စိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး နှင်းဆီမျိုးကွဲပေါင်း (၃၂) မျိုးအနက် ထူးခြားသည့် အ ရောင်၊ အပွင့်၊ ပုံစံနှင့် မွှေးရနံ့ရရှိစေရေး ရွေးချယ်မျိုးစပ်လျက်ရှိရာ စပ်မျိုးအတွဲပေါင်း (၂၁)တွဲ မျိုးစပ်ထားရှိကြော င်းနှင့် လာမည့်နှစ်တွင် အဆိုပါစပ်မျိုးများအား အပင်အဖြစ်မွေးမြူ၍ ထူးခြားသည့် အနံ့၊ အပွင့်၊ အရောင်တို့ကို စိုက် ပျိုးရွေးချယ်ပြီး ဒေသတွင်း စီးပွားဖြစ်ခြံများသို့ မျိုးသစ်များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်တွင်း ဒေသမျိုး မေမြို့ပန်းများအား တာ ရှည်ခံနိုင်ရေး၊ အပင် ပင်စည်တောင့်တင်းမှုရှိစေရေး၊ ရောင် စုံမျိုးသစ်များပေါ်ထွက်ရေး သုတေသနလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြင်ဦးလွင်ဒေသတွင် ဖြစ်ထွန်းနိုင်သည့် ဒေစီပန်း၊ ကညွတ်ပန်း၊ ကျောက်ခက်ပန်း၊ ရေမွှေးပန်း၊ တိုးနရားပန်းအပါအဝင် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင် အရည်အသွေးဖြင့် မျိုးထုတ်လုပ်နိုင်ရေးကိုလည်း သုတေသနပြုဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒိုးကွင်ဥယျာဉ်ခြံမှ နှစ်စဉ် ဂန္ဓမာပန်းပျိုးပင် (၆)သိန်း၊ ကြ က်မောက်ပန်း ပျိုးပင် (၅၀၀၀)၊ ဒေလီယာပန်းပျိုးပင် (၂၀၀ ၀)၊ ဒေစီပန်းပျိုးပင် (၁၂၀၀)၊ ရေမွှေးပန်းပျိုးပင် (၁၅၀၀) ၊ သစ်ခွပန်း ပျိုးပင် (၁၅၀၀)၊ မေမြို့ပန်းမျိုးစေ့များကို နှစ်စဉ်ဖြန့်ဖြူးပေးလျက်ရှိ သည့်အပြင် နှစ်စဉ်ကျင်းပလျက်ရှိသ ည့် ပြင်ဦးလွင် ပန်းပြပွဲသို့လည်း မျိုးစေ့ပျိုးပင်များ ဖြန့်ဖြူးပေးလျက် ရှိကြောင်းနှင့် ပြင်ဦးလွင်အား ပန်းမြို့တော်ဖြစ်စေရေးအတွက် နည်းပညာဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့များ ဖြ န့်ဖြူးပေးခြင်းလုပ်ငန်းများကို ပညာရှင်များစုဖွဲ့၍ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်အကြီးအကဲ၏ ပြင်ဦးလွင်ခရီးစဉ် လမ်းညွှန်ချက်များအရ ပြင်ဦးလွင် မြို့ တော်ကို ပန်းမြို့တော်ဖြစ်ပေါ်စေရေးအတွက် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော မေမြို့ပန်းမျိုးများ၊ နှင်းဆီပန်းများအပါအဝင် အခြားသော ပန်းမျိုးများအား သုတေသနပြုလုပ်၍ အရောင်အသွေးစုံအပွင့်ပုံစံမျိုးစုံထုတ်လုပ်ပြီး ပြ ည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ဒေသမျိုးအချ င်းချင်းမျိုးကူးစပ်ခြင်း၊ စုဆောင်းထားရှိသည့် ဒေသမျိုးများနှင့် ပြည်ပမျိုးများ မျိုးစပ်မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071