Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeInternationalပြင်သစ် Louvre ပြတိုက်မှ...

ပြင်သစ် Louvre ပြတိုက်မှ အဖိုးမဖြတ်နိုင်သော လက်ဝတ်ရတနာများ လေးမိနစ်အတွင်း အခိုးခံရ

ကမ္ဘာပေါ်မှာ လူအများဆုံး လာရောက်လည်ပတ်ကြည့်ရှုကြတဲ့ ပြင်သစ်နိုင်ငံ Louvre ပြတိုက်က အဖိုးမဖြတ်နိုင်တဲ့ လက်ဝတ်ရတနာတွေကို ကျူးကျော်ဝင်ရောက်သူတစ်စုက လေးမိနစ်အတွင်း အောင်မြင်စွာ ခိုးယူသွားပြီးနောက် “အထူးအကြောင်းပြချက်များ” ဖြင့် ပြတိုက်ကို ပိတ်လိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက Louvre ပြတိုက် (Leonardo da Vinci ရဲ့ Mona Lisa ပန်းချီကားရှိတဲ့ နေရာ) ကို တိပ်‌တွေနဲ့ ကာရံထားပြီး လက်နက်ကိုင် စစ်သားတွေကလဲ ဖန်ပိရမစ်ပုံစံ အဝင်ဝမှာ လှည့်ကင်းလှည့်နေကြသလို၊ ပဲရစ်မြို့ထဲမှာလဲ ခိုးယူသူတွေကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေမှုတွေ စတင်နေပါတယ်။

ခိုးယူသူတွေဟာ နံနက် ၉:၃၀ နာရီမှာ ပြတိုက်ဖွင့်ပြီးနောက် ပရိဘောဂတွေ မတင်ဖို့အတွက် အသုံးပြုတဲ့ ဓာတ်လှေကားကို အသုံးပြုပြီး ပြတိုက်ထဲ ဝင်ရောက်ခဲ့ကြတာပါ။

လေးမိနစ်အတွင်းမှာပဲ၊ ခိုးယူသူတွေဟာ နပိုလီယန်ခေတ် က လက်ဝတ်ရတနာ ရှစ်ခုကို ယူဆောင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားခဲ့ကြပြီး၊ ထွက်ပြေးရင်း တစ်ခုကတော့ ပြုတ်ကျကျန်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron က ဒီဓားပြတိုက်မှုကို “ကျွန်တော်တို့ မြတ်နိုးတဲ့ အမွေအနှစ်ကို တိုက်ခိုက်ခြင်း” လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်ပြောကြားခဲ့ပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။ ပဲရစ်ရှေ့နေရုံးရဲ့ ဦးဆောင်မှုအောက်မှာ ဒါကို အောင်မြင်အောင် နေရာတိုင်းမှာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့တာလဲ ?
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၉:၃၀ နာရီ (မြန်မာစံတော်ချိန် နေ့လယ် ၂:၀၀ နာရီ) ခန့်မှာ ကမ္ဘာလှည့်ခရီးသည်တွေ Louvre ပြတိုက်ရဲ့ ခန်းမတွေထဲ လှည့်လည်နေချိန်မှာ ခိုးယူသူတွေဟာ Apollo’s Gallery ကို ပစ်မှတ်ထားခဲ့ကြပါတယ်။ Apollo’s Gallery ဟာ ပြင်သစ်ဘုရင် Louis XIV ရဲ့ အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ရွှေရောင်ခြယ်၊ ခမ်းနားတဲ့ ပန်းချီကားတွေရှိတဲ့ ခန်းမဖြစ်ပြီး ပြင်သစ်သရဖူရတနာတွေကိုလဲ ပြသထားတဲ့နေရာပါ။

ပြည်ထဲရေးဝန်ကြီး Laurent Nunez က ခိုးယူသူတွေဟာ ပြတိုက်ပြတင်းပေါက်ကို ရောက်ဖို့ လှေကားဓာတ်လှေကားကို အသုံးပြုခဲ့ကြပြီး၊ ပြခန်းထဲဝင်ရောက်ကာ “အဖိုးမဖြတ်နိုင်သော ရတနာများ” ကို ယူဆောင်ပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Louvre ပြတိုက်က ဧည့်သည်အားလုံးကို ရှင်းလင်းပေးခဲ့ပြီး “ထူးခြားသော” အခြေအနေများကြောင့် တစ်နေ့တာလုံး ပိတ်ထားမယ်လို့ အွန်လိုင်းမှာ အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်း ရဲတပ်ဖွဲ့က ပြတိုက်တံခါးတွေကို ပိတ်ဆို့ပြီး ရင်ပြင်တွေကို ရှင်းလင်းခဲ့တဲ့အပြင် Seine မြစ်တစ်လျှောက်က အနီးနားရှိ လမ်းများကိုပါ ပိတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။

“ရူးသွပ်ဖွယ်ရာပဲ” – “ဟောလိဝုဒ်ရုပ်ရှင်လိုပါပဲ” လို့ အမေရိကန် ခရီးသွားတစ်ဦးကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ လူလေးဦးလို့ ယူဆရတဲ့ ခိုးယူသူတွေဟာ တနင်္ဂနွေညနေပိုင်းအထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဓားပြတိုက်မှုအတွင်း ဘာတွေ အခိုးခံရသလဲ?
ပြင်သစ်နိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနက တနင်္ဂနွေနှောင်းပိုင်းမှာ အတည်ပြုပြောကြားခဲ့တာကတော့ ခိုးယူသူတွေဟာ လုံခြုံရေးမြင့်မားတဲ့ မှန်ဗီဒိုနှစ်ခုထဲက ပစ္စည်း ရှစ်ခုကို အောင်မြင်စွာ ယူဆောင်သွားခဲ့ပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ပြင်သစ်ဧကရာဇ် နပိုလီယန် ၁ ရဲ့ ဇနီး ဧကရီ Marie-Louise နဲ့ နပိုလီယန် ၃ ရဲ့ ဇနီး ဧကရီ Eugenie တို့ ပိုင်ဆိုင်ခဲ့တဲ့ လက်ဝတ်ရတနာတွေ ပါဝင်ပါတယ်။
အခိုးခံရတဲ့ ပစ္စည်းတွေကတော့-

  • Queen Marie-Amelie နဲ့ Queen Hortense ရဲ့ လက်ဝတ်ရတနာ အစုံမှ နဖူးစည်းရတနာ
  • အဲဒီနှစ်ဦးရဲ့ နီလာ လက်ဝတ်ရတနာ အစုံမှ လည်ဆွဲ
  • နီလာ လက်ဝတ်ရတနာ အစုံမှ နားကပ် တစ်ဖက်
  • Marie-Louise ရဲ့ လက်ဝတ်ရတနာ အစုံမှ မြ လည်ဆွဲ
  • Marie-Louise ရဲ့ လက်ဝတ်ရတနာ အစုံမှ မြ နားကပ်တစ်စုံ
  • “reliquary” brooch (ကြုပ်ပါတဲ့ရင်ထိုး) လို့ သိကြတဲ့ ရင်ထိုး
  • ဧကရီ Eugenie ရဲ့ နဖူးစည်းရတနာ
  • ဧကရီ Eugenie ရဲ့ နောက်ထပ် ကြီးမားတဲ့ ရင်ထိုး တစ်ခု
  • ဧကရီ Eugenie ရဲ့ သရဖူ (စိန် ၁,၃၅၄ လုံးနဲ့ မြ ၅၆ လုံး ပါဝင်ပါတယ်)ကိုတော့ ထွက်ပြေးသွားတဲ့ ခိုးယူသူတွေက ပြတိုက်အပြင်ဘက်မှာ ကျန်ရစ်ခဲ့တဲ့အတွက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Apollo’s Gallery မှာ အဖိုးမဖြတ်နိုင်တဲ့ အခြားရတနာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေထဲမှာ သမိုင်းဝင် စိန်သုံးလုံးဖြစ်တဲ့ Regent၊ Sancy၊ နဲ့ Hortensia တို့အပြင် “ပြင်သစ်ဘုရင်တွေရဲ့ ခမ်းနားထည်ဝါတဲ့ ကျောက်မာပန်းကန်အစုအဝေး” တွေလည်း ပါဝင်တယ်လို့ ပြတိုက်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အနုပညာပစ္စည်းခိုးယူမှုဆိုင်ရာ ကျွမ်းကျင်သူလဲဖြစ်၊ “Stealing Rembrandts: The Untold Stories of Notorious Art Heists” စာအုပ်ကို ပူးတွဲရေးသားသူလဲဖြစ်တဲ့ Anthony Amore က တော့ ဒီလက်ဝတ်ရတနာတွေဟာ “ငွေကြေးအရသာမက၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အရပါ” အဖိုးမဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ခိုးယူသူတွေ ဘယ်လို လုပ်ခဲ့ကြတာလဲ?
ခိုးယူသူတွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ လျှပ်စစ်အင်အားသုံး ကိရိယာတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လျင်မြန်တိကျစွာ စီမံဆောင်ရွက်မှုတို့ကို ပေါင်းစပ်အသုံးပြုခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071