Tuesday, March 18, 2025

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...

“သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက် ဆရာတော်...

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ...
HomeNewsLocal Newsပြင်ပဒေါ်လာ ဈေးကွက်အတွင်း ၂၆၀၀...

ပြင်ပဒေါ်လာ ဈေးကွက်အတွင်း ၂၆၀၀ ကျပ် မှ ၂၉၀၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေ

ပြင်ပဒေါ်လာ ဈေးကွက်အတွင်း ၂၆၀၀ ကျပ် မှ ၂၉၀၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေ

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာဈေးနှုန်းကို (၁၈၅၀) ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ယနေ့ ဇူလိုင်လ (၂၈) ရက် မွန်းလွဲပိုင်း ပြင်ပဈေးကွက်တွင် (၂၆၀၀) ကျပ် မှ (၂၉၀၀) ကျပ် ဝန်းကျင်အထိ ဈေး ပေါက်နေကြောင်း ဒေါ်လာ အရောင်းအဝယ် ပြုလုပ်သူ အချို့ထံမှ သိရသည်။

ဗဟိုဘဏ်၏ ဒေါ်လာကိုင်ဆောင်ခွင့်နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းများ တစ်စတစ်စ မြင့်တက်လာရာမှ ယ ခု ဈေးနှုန်းအထိ မြင့်တက်လာ ခြင်း ဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ ငွေလဲကောင်တာ တစ်ခုတွင် ယနေ့ ဇူ လိုင်လ (၂၈) ရက် မွန်းလွဲ (၃) နာရီဝန်းကျင် ရောင်းဈေးအနေဖြင့် အမေရိကန် (၁) ဒေါ်လာလျင် မြန်‌မာငွေ ၂၆၅၀ ကျပ်ဖြင့် ရောင်း၀ယ်နေကြောင်း အဆိုပါ ငွေလဲကောင် တာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ၂၆၅၀ ကျပ်နဲ့ ဝယ်လို့ ရပါတယ် ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိပေါက်ဈေးအရ ဈေးကွက်အတွင်း ဝယ်လိုအားပေါ် မူတည်ပြီး ‌ဈေးနှုန်းကွာဟမှုများရှိနေပြီး အချို့နေ ရာများတွင် အမေရိကန် (၁) ဒေါ်လာလျင် မြန်မာငွေ (၂၉၀၀) ဝန်းကျင်အထိ ပေးဝယ်နေရကြောင်းနှင့် လိုသလောက် ဝယ်ယူ၍ မရရှိကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

” တစ်နေရာနဲ့ တစ်နေရာ ဈေးကွာတာရှိတယ်။ ပါးစပ်ဈေးတွေဖြစ်နေတာပါပဲ။ ကျွန်တော်တို့ ဒီမနက်ဝယ်ဈေးက ၂၉၀၀ နှုန်းနဲ့ ဝယ်ရတယ် ။ မနေ့က ၂၈၀၀ ။ ဒါတောင် လိုသလောက်မရဘူး။ တချို့တွေ မရောင်းတော့ဘူး” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ဒေါ်လာဈေး အဆမတန် မြင့်တက်နေသော်လည်း နိုင်ငံခြားငွေ မဖြစ်မနေ အသုံး ပြုရမည့် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မဖြစ်မနေ ဝယ်ယူနေရကြောင်းလည်း ၎င်းက ဆိုသည်။

” မဝယ်ရင် လုပ်ငန်း ရပ်လိုက်ဖို့ပဲ ရှိတာလေ ။ အဲဒီတော့ လိုတော့လည်း ဝယ်နေရ‌တာပေါ့” ဟု ‌၎င်းက ပြောသည်။

ဗဟိုဘဏ်က ၁၈၅၀ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန် ဈေးနှုန်းသတ်မှတ်ပေးထားသော်လည်း မည်သည့်ငွေလဲကောင်တာနှင့် ဘဏ်များတွင်မှ အဆိုပါ ဈေးနှုန်းအတိုင်း ရောင်းချပေးခြင်း မရှိဘဲ ဈေးတင် ရောင်းချခြင်းများ၊ ဈေးကစားသူများ၏ ဈေးကစားခြင်းများကြောင့် ယခုလို ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ အခမဲ့ဖျော်ဖြေတင်ဆက်မည်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ တေးသံရှင်များ၏ အခမဲ့ဖျော်ဖြေတင်ဆင်မှုများနှင့်အတူ အငြိမ့်ပွဲများလည်းပါဝင်မည်ဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖျော်ဖြေတင်ဆက်ခြင်းကို "မင်းထွေး”ဇာတ်အဖွဲ့မှဦးဆောင်၍ ဇာတ်မင်းသား၊ မင်းသမီးများဖြစ်သည့် မင်း‌ထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်သည့် ချောကလက်၊ သူရိန်စိုး(လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်သည့် စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့က ရွှေခိုင်ဇော် မင်္ဂလာဆိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ အဆိုပါ ပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလ (၁၇)ရက်မှ (၁၈) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လေ့လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ပြခန်းများ လာရောက်ပြသနိုင်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်းကျင်းပသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071