Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsပွင့်လင်းရာသီမှာ ကြည့်ရတော့မယ့် Emperor...

ပွင့်လင်းရာသီမှာ ကြည့်ရတော့မယ့် Emperor ရဲ့  ဖျော်ဖြေပွဲများ

ZawWinHtut

ဒီနှစ်ပွင့်လင်းရာသီမှာတော့ ဇော်ဝင်းထွဋ်နဲ့ Emperor ဝိုင်းက ဂီတဖျော်ဖြေပွဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ဖို့ ရှိနေပါတယ်။ Emperor အပြင် အခြား လူငယ်ဝိုင်းတွေ ဖြစ်ကြတဲ့ Idiots/ Reason  စတဲ့ အဖွဲ့တွေနဲ့  ပူးပေါင်းဖျော်ဖြေကြမယ့်ပွဲတွေလည်း ရှိပြီး အခြားလူငယ်တွေနဲ့ ပူးပေါင်းဖျော်ဖြေမယ့် ပွဲ တွေလည်း ရှိနေပါတယ်။

“ဒီအရွယ်ရောက်လာပြီ ဆိုတော့ အလကားနေ ရင်း ပွဲတွေဆိုမနေချင်တော့ဘူး။ ကိုယ်လည်း စိတ်ချမ်းသာရမယ်။ လာတဲ့ သူတွေ လည်း ပျော်မယ့်၊ အဲ့ဒီလိုအကြောင်းတိုက်ဆိုင်တဲ့ ပွဲမျိုးလေး တွေပဲ ဆိုဖြစ်တော့တယ်။ အခုနှစ် လာမယ့်သီတင်းကျွတ် ၇ ရက်နေ့မှာ တစ်ပွဲရှိမယ်။ အဲဒီပွဲကတော့Idiots/Reason နှစ်ဖွဲ့လည်းပါမယ်။အဲဒါက မျှော်စင်ကျွန်းမှာ ထင်တယ်။ ပြီးရင်တော့ တန်ဆောင်တိုင် မှာ ဝေလ(Runner) /R ဇာနည် (The trees)  တို့ နဲ့  သုံးဖွဲ့ပေါင်း တစ်ပွဲရှိတယ်။ ပြီးတော့ အဲဒီ မတိုင်ခင် ဒီကြားထဲမှာ တစ်ခုရှိနိုင်တာ RC2 က ကျောင်း သားဟောင်းတွေစုပြီး အမှတ်တရ ပွဲလုပ်ဖို့ ရှိတယ်။ ကျွန်တော် ကလည်း RC2 က ကျောင်းသား တစ်ယောက် ဖြစ်နေတော့ RC2 မှာပဲ ပျော်ပြီး ရည်းစားတွေ ဘာတွေလည်းရခဲ့တော့ ကိုယ်နဲ့အများကြီး ပတ်သက် တာပေါ့။ ကိုကိုင်ဇာ တို့  ဦးဆောင်ပြီး လုပ်နေကြတယ်။ ကိုမောင်မောင်လွင်လည်း ပါဝင်တယ်။ အဲဒီပွဲမှာ ကျွန်တော်လည်း ပါဝင်ပေးရဖို့ များတယ်။ RC2က သက်တမ်း သိပ်မရှိဘူး။ အဲဒီမှာက ပထမနှစ် ၊ဒုတိယ နှစ်နှစ်ပဲ တက်ရတာကိုး။ ၂နှစ် ပြီးရင်မိန်းထဲကို သွား ရတာကိုး။ ကျွန်တော်က အဲဒီမှာ ပထမနှစ်ကို ၂နှစ်၊ ဒုတိယနှစ်ကို ၂နှစ်စုစုပေါင်းလေးနှစ် တက်ခဲ့ရတယ်။ ဒီတော့ ကျွန်တော်လည်း ဒီပွဲမှာ ပါဝင်ဖြစ်ပါလိမ့် မယ်” လို့ ဇော်ဝင်းထွဋ်က ပြောပါ တယ်။

ဇော်ဝင်းထွဋ်က သူ့ရဲ့သီချင်းတွေထဲက ကိုယ်ပိုင် သံစဉ်သီချင်းတွေကိုလည်း လက်ရွေးစဉ်အဖြစ်နဲ့ စီးရီးများ အမှတ်တရ ထုတ်ဝေသွားဖို့ ရှိတယ်လို့ သိရ ပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071