မန္တလေးတိုင်း၊ပျော်ဘွယ်နှင့်ရမည်းသင်းမြို့နယ်တို့မှ ဒီဇင်ဘာ ၂၄ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့နေ့လည် ၁ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည် ပျော် ဘွယ်မြို့နယ်၊ရွာသာကျေးရွာရှိ ဆိုင်တစ်ဆိုင်အား ၀င်ရောက်ရှာဖွေရာ အောင်ကိုလတ်(ခ)ဂျင်သီး (၃၉)နှစ်၊ မောင်အေး(၃၅)နှစ်၊ ကျော်သက်(၂၈)နှစ်နှင့်ကိုဖြိုး(၂၄)နှစ် တို့ထံမှစိတ်ကြွဆေးပြား ၆၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ နေ့လည် ၃ နာရီ ၄၀ မိနစ်တွင် ရမည်းသင်းမြို့နယ်၊ရွာတန်းကျေးရွာအနီး၌ ရဲမင်း (၃၀)နှစ်နှင့်ရဲမင်းစိုး(၂၇)နှစ်တို့အား စိတ်ကြွဆေးပြား ၂၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ပြင် ည ၆ နာရီ ၁၀ မိနစ်၌ ရဲမင်း နေထိုင်သည့် ရမည်းသင်းမြို့နယ်၊ခင်သာယာကျေးရွာရှိ နေ အိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွဆေးပြား ၁၁၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ် ဆေးလျက်ရှိကြောင်း သိရသည်။
