ရန်ကုန်တိုင်း၊လှည်းကူးမြို့၌ကျောင်းလာတက်ရင်းလနှင့် ချီကြာပျောက်ဆုံးနေသည့်လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင်သမီးငယ်ကိုတွေ့ပါကသိန်းနှစ်ရာဆူချီးမြှင့်မည်ဟုမိခင်ဖြစ်သူကဆုကြေးထုတ်ထားသည်။
ပျောက်ဆုံးနေသော မိန်းကလေးငယ် မဆုရတနာအောင်သည်အသက်(၁၇) နှစ်ကျော်အရွယ်ဖြစ်ကာ G12 တက်ရောက်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှမငြိမ်သက်သည့်နိုင်ငံရေးအခြေအနေကြောင့်ရန်ကုန်မြို့သို့ပြောင်းရွှေ့ကျောင်းတက်နေခြင်း ဖြစ်သည်။
“ကျွန်မအသဲနှလုံး အရှင်လတ်လတ်ဆွဲထုတ်ခံထားရတဲ့မိခင်တစ်ယောက်ပါ။ကျွန်မသမီးဘယ်ရောက်သွားလဲ။ကျွန်မအသက်ရှင်နေသရွေ့သမီးငယ်လေးဆုရတနာအောင်ကိုရှာနေမှာပါ။အခုတော့ ဘယ်တွေများရောက်နေပြီလဲ၊ သမီးငယ်လေးရယ်။ မေမေ့ကို ေ-သဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလား သမီးငယ်လေးရယ်” ဟု မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်၌ ရေးသားထားသည်။
မဆုရတနာအောင်သည် သူမ ပညာသင်နေသည့် လှည်းကူးမြို့ဘော်ဒါဆောင်မှ ဧပြီ (၂၄) ရက်တွင် မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့ကာ ရှာမတွေ့သေးသောကြောင့် ထိုကဲ့သို့ဆုကြေးထုတ်ရခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသ ည်။
ဖြစ်စဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်သူများနှင့် နယ်မြေရဲစခန်းဆီ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုး စားနေဆဲဖြစ်သည်။