Monday, August 17, 2026

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ...
HomeMoviesပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ...

ပျက်ကျ အပါချီရဟတ်ယာဉ်မှ လေသူရဲများ အဆင်ပြေဟု ထရန့်ဆို

ဟော်မုဇ်ရေလက်ကြားအနီးမှာ အပါချီ(Apache) တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “လေသူရဲတွေ အဆင်ပြေပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့တုန်းက အဲဒီရေလက်ကြားအနီးမှာ အမေရိကန်ကြည်းတပ်သုံး အပါချီ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေသူရဲနှစ်ဦးကို ကယ်ဆယ်ခဲ့ရတယ်လို့ New York Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် သမ္မတထရန့်က အခုလို တုံ့ပြန်ပြောဆိုခဲ့တာပါ။

နယူးယောက်မြို့မှာကျင်းပတဲ့ တနင်္လာနေ့ည NBA ဘတ်စကက်ဘောဗိုလ်လုပွဲကို တက်ရောက်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ထရန့်က “လေသူရဲတွေ အဆင်ပြေကြပါတယ်။ ဘယ်သူမှ ဒဏ်ရာမရပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် ပျက်ကျရသလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ သူက ဆက်မပြောဘဲ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို “မနက်ဖြန်” မှာ ထုတ်ပြန်လိမ့်မယ်လို့ပဲ ဆိုပါတယ်။ New York Times ရဲ့ ဖော်ပြချက်မှာလည်း ရဟတ်ယာဉ် ဘာကြောင့်ပျက်ကျတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းက အီရန်နဲ့ အစ္စရေးတို့ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် ဒေသတွင်း တင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်မှာပဲ အခုလို ရဟတ်ယာဉ်တစ်စီး ဆုံးရှုံးခဲ့ရတာပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုဖြစ်တဲ့ CNN က အရှေ့အလယ်ပိုင်းစစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်(Central Command) ထံ မှတ်ချက်ပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီ အပါချီရဟတ်ယာဉ်ဟာ ပျက်ကျချိန်မှာ ဘာမစ်ရှင်လုပ်နေလဲဆိုတာ သဲသဲကွဲကွဲမရှိသေးပေမဲ့ အရင်ကတော့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်ရဲ့ ရေယာဉ်အငယ်စားတွေကို တိုက်ခိုက်တဲ့နေရာမှာ ဒီရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ဖူးပါတယ်။ ဗဟိုစစ်ဌာနချုပ်ရဲ့ ဝဘ်ဆိုက်အဆိုအရ အပါချီရဟတ်ယာဉ်တွေကို ပစ်မှတ်တိကျတဲ့ တိုက်ခိုက်မှုတွေ၊ လေကြောင်းပစ်ကူပေးမှုတွေနဲ့ လေကြောင်းကင်းထောက်လုပ်ငန်းတွေမှာ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။

တကယ်လို့သာ အခုဖြစ်စဉ် အတည်ပြုနိုင်ခဲ့ရင် ဒါဟာ အီရန်နဲ့ ပဋိပက္ခစတင်ကတည်းက ပထမဆုံးအကြိမ် အပါချီရဟတ်ယာဉ် ဆုံးရှုံးရမှု ဖြစ်လာမှာပါ။

မေလက ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်သုတေသနဌာနရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း အီရန်နဲ့ စစ်ပွဲစတင်ကတည်းက အမေရိကန်စစ်တပ်ဟာ တိုက်လေယာဉ် အနည်းဆုံး ၅ စီး၊ Stratotanker ဆီဖြည့်လေယာဉ် ၇ စီး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ် ၁ စီးနဲ့ ဒရုန်းယာဉ် အစီးရေ ၂၀ ကျော်အပါအဝင် စစ်ဘက်သုံး လေယာဉ်/ရဟတ်ယာဉ် အမြောက်အမြား ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဧပြီလဆန်းပိုင်းကလည်း အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရတဲ့ F-15E Strike Eagle တိုက်လေယာဉ်ရဲ့ လေသူရဲတစ်ဦးကို ကယ်ဆယ်ဖို့အတွက် အမေရိကန်စစ်တပ်ဟာ စွန့်စွန့်စားစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ရပါသေးတယ်။ အမေရိကန် စစ်ဘက်နဲ့ ထောက်လှမ်းရေး ဝန်ထမ်းပေါင်း ရာနဲ့ချီ (အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအပါအဝင်) ပါဝင်တဲ့ အဲဒီလျှို့ဝှက်မစ်ရှင်အတွင်း အီရန်မြေပေါ်မှာတင် မိမိတို့ရဲ့ အထူးစစ်ဆင်ရေးသုံး လေယာဉ် ၂ စီးကိုပါ အမေရိကန်စစ်တပ်က ကိုယ်တိုင် ပြန်လည်ဖောက်ခွဲ ဖျက်ဆီးခဲ့ရပါတယ်။

ဒါ့အပြင် မတ်လတုန်းကလည်း အီရတ်နိုင်ငံအနောက်ပိုင်းမှာ KC-135 Stratotanker ဆီဖြည့်လေယာဉ်တစ်စီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ အမှုထမ်း ၆ ဦးစလုံး သေဆုံးခဲ့ရပြီး၊ အဲဒီမတိုင်ခင် ရက်ပိုင်းအလိုမှာပဲ အမေရိကန် F-15 တိုက်လေယာဉ် ၃ စီးဟာ ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် ပစ်ချခံခဲ့ရကာ လေသူရဲတွေအားလုံးကတော့ အချိန်မီ လေထီးခုန်လွတ်မြောက်ခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျက အမေရိကန်လေတပ်အခြေစိုက်စခန်းကို အီရန်က တိုက်ခိုက်ခဲ့စဉ်ကလည်း လေယာဉ်အတော်များများ ပျက်စီးခဲ့ရသလို၊ အချို့လေယာဉ်တွေကတော့ လေထဲမှာပျံသန်းနေတုန်း အီရန်ရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးမှုတွေ ကြုံခဲ့ရဖူးပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေကြီးများက အဆောက်အအုံ၏ ပထမထပ်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ ဖြစ်စဉ်အတွင်း အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်ပိုင်းဒေသတွင် စနေနေ့မှစတင်၍ မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများ၌ မိုးရေချိန် ၈၀၀ မီလီမီတာအထိ ရှိခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071