နေပြည်တော်၊ ပျဥ်းမနားမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၄ ရက်ည ၈ နာရီခန့်က ပံ့သကူကောက်နေသည့် ကိုရင်(၁) ပါးနှင့် အမျိုးသားသား(၁)ဦးတို့ ဆိုင်ကယ်တိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်း(ပျဥ်းမနားရုံး)၏ဖော်ပြချက်အရ သိရသည်။
ပျဥ်းမနားမြို့နယ်၊ လက်ပန်ခါးလှကျေးရွာအနီးတွင် ပံ့သကူပိုက်ဆံကောက်နေသော ကိုရင်(၁)ပါးနှင့် အမျိုး သား(၁)ဦးတို့အား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ ပြင်းထန်ဒဏ်ရာများရရှိထားသဖြင့် မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံး)မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပျဥ်းမနားမြို့ကုတင်-၂၀၀ ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မိုးစေတနာအသင်း
