ရန်ကုန်မှ ပဲခူးသို့ ပြေးဆွဲနေသည့် မီနီဘတ်စ် ယာဉ်လိုင်းများသည် ယခု ပိတ်ရက်ကာလများ၌ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုတောင်းနေကြောင်း ခရီးသွားပြည်သူများက လူမှုကွန်ယက်ဂရုများတွင် ရေးသားနေကြသည်။
အဆိုပါ ယာဉ်လိုင်းများ၏ သတ်မှတ်စျေးနှုန်းသည် ရန်ကုန်မြို့- ခရေပင်လမ်းခွဲ မှ ပဲခူးမြို့အထိ ယာဉ်စီးခ (၃၀၀၀) ကျပ်သာ သတ်မှတ်ထားသော်လည်း ယခု သီတင်းကျွတ်ကာလ၌ တစ်ဦးလျှင် (၁၀၀၀၀) ကျပ်အထိ ကောက်ယူနေ သည်ဟု သိရသည်။
” ၅၀၀၀ ကနေ ၁၀၀၀၀ ကြားကို ပါးစပ်စျေး ဖြစ်နေတယ်။ လူမရလို့ဆိုလည်း ထားပါ။ တစ်စီးလုံးလည်း ပြည့်နေပြီ၊ ဘ ယ်ကို တိုင်လို့ရမလဲ”ဟု ကြုံတွေ့ခဲ့ရသူတဦးက လူမှုကွန်ရက်တွင် ရေးသားသည်။
မှတ်ချက်များ၌လည်း ပဲခူး-ရန်ကုန် ပြေးဆွဲပေးနေသော ယာဉ်လိုင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ပေးစေလိုကြောင်း ရေးသားထားကြသည်။
“စပယ်ယာတွေကလည်း ဒီထက်အဆင်ပြေပြေ ပြောတတ်ဆိုတတ်ရင်ကောင်းမယ်၊ ကားမောင်းလည်းကြမ်းတယ်၊ ဟိုနေ့ကပဲ လှည်းကူးမှာ မှောက်ပြီးပြီ၊ မရှိမဖြစ် ဖြစ်လို့သာ စီးနေရတာ၊ အပြန်တော့ ရထားနဲ့ ပြန်မယ်” ဟု စီးနင်းသူတစ်ဦးကလည်း ရေးသားထားသည်။
ပဲခူး-ရန်ကုန် ယဉ်လိုင်းများသည် သာမန် ရက်များ၌လည်း ခရီးစဉ်ကို အဆုံးထိ မပို့ဆောင်ဘဲ အခြားကားဖြင့် စုပေါင်းတင်ပေးခြင်း၊ YBS ယာဉ်များထံ လမ်းခုလတ်တွင် တင်ပေးခြင်းမျိုးများလည်း လုပ်ဆောင်လေ့ရှိကြသည်ဟုလည်း စီး နင်းသူများက ရေးသားထားကြသည်။
