ပဲခူးမြို့တွင် ယနေ့ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းကကျင်း ပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲတွင်ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုသည့်အနေဖြင့် ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
စုပေါင်းလမ်းလျှောက်ပွဲအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပဲခူးမြို့နေသူများမှ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှေ့မှစတင်၍ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူ များက စုပေါင်းလမ်းလျှောက်ပွဲ(ပထမပတ်)အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်းသံပုံးရို-က်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲနှင့် ဘက်စကတ်ဘောဂိုးသွင်းပြိုင်ပွဲတို့အား ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဇနီးတို့ကကြည့်ရှုအားပေးပြီး လွန်ဆွဲပြိုင်ပွဲအတွက်ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ကျင်းပသည့် ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေ သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၁၅,၀၀၀) ဦးကျော်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
