Monday, February 9, 2026

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့်...

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power...

FIFAနှင့် MFFတို့ ပူးပေါင်း၍ FIFA-MA...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်းကို ယနေ့ ဖေဖော်ဝါရီ...

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အောက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရသတင်းများအရ သိရသည်။ အထူးသဖြင့် မြစ်ကြီးနားမြို့သည် နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှု...
HomeNewsLocal Newsပဲခူးမြို့တွင် မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီကယ်ဆယ်ရေးစခန်း...

ပဲခူးမြို့တွင် မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထား

ပဲခူးမြို့တွင် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်၍ လူဦးရေထောင်ကျော်အား ရွှေ့ပြောင်းနေရာချထားပေးရကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းနှင့်ကျေးရွာများအတွင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ကာ လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

“ရေဘေးရှောင်လူဦးရေအတိအကျကိုတော့ သေချာမသိရသေးဘူး၊ ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းကတော့ ၁၃ ခုဖွင့်ထားရတယ်၊ လက်ရှိ ကျွန်တော်တို့အသင်းက လမ်းရေကျော်တာတွေဖြစ်နေတဲ့ ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နဲ့ ဇိုင်း/မြောက်၊ ဇိုင်း/တောင်ရပ်ကွက်ကြားက မင်းလမ်းမ အဲဒီနေရာတွေမှာဖြတ်သန်းသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေ လူတွေ အန္တရာယ်မဖြစ်အောင် ကူညီပေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူများအား တာဝန်ရှိသူများ၊အလှူရှင်များနှင့်လူမှုကူညီရေးအသင်းဝင်များက အခြေခံစားသောက်ကုန်၊သောက်သုံးရေနှင့်ဆေးဝါးများအား ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဇိုင်း/တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက်ရှိ အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက်ရှိ အ.ထ.က (ခွဲ)(၁)၊ မြို့သစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဇောင်းတူကျေးရွာရှိ သာယာကုန်း (ခရစ်ယာန်ကျောင်း)၊ လက်ပံကျေးရွာရှိ စာသင်ကျောင်း၊ မုန်တိုင်းကျေးရွာရှိ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာရှိ ဘုရားကုန်းဘုရားဝန်း၊ ဥဿာ (၇)ရပ်ကွက်ရှိ ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်နှင့် ဇိုင်း/မြောက် အ.ထ.က (၄)တို့အား ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နှင့် ၎င်း၏ မိတ်ဖက် ဂျပန်အင်နိုဗေးရှင်းပါတီတို့သည် လွှတ်တော်ကို လွှမ်းမိုးနိုင်ရန်လိုအပ်သော အကန့်အသတ်ကို ကျော်လွန်ခဲ့ပြီး မဲရုံများပိတ်ပြီးနောက် နှစ်နာရီနီးပါးအကြာမှာပင် အယ်လ်ဒီပီတစ်ခုတည်းက အမတ်အများစုနေရာထိန်းချုပ်မှုကို ပြန်လည်ရရှိခဲ့သည်။ အောက်တိုဘာလတွင် တာကာအိချီ ရာထူးတာဝန်ယူချိန်တွင် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက် ကိုမီအီတို နုတ်ထွက်သွားခဲ့သောကြောင့် အယ်လ်ဒီပီသည် အောက်လွှတ်တော်ကို ဦးဆောင်ရန် ရုန်းကန်ခဲ့ရသည်။ တာကာအိချီ၏ အယ်လ်ဒီပီပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင်...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power and Solar Photovoltaic Energy Storage Expo တွင်ပါဝင်ပြသ

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power and Solar Photovoltaic Energy Storage Expo တွင်ပါဝင်ပြသခဲ့ပြီး 3-6 kW single-phase မော်ဒယ်များဖြင့်ရရှိနိုင်သော EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ EO G2 off-grid inverter အသစ်သည် ဓာတ် အားလိုင်းမရရှိသောနေရာများနှင့် ဓာတ်အားလိုင်းအား နည်းသောနေရာများအတွက် အထူးဒီဇိုင်းထုတ်ထားပြီး...

FIFAနှင့် MFFတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်း ယနေ့ စတင်ဖွင့်လှစ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်းကို ယနေ့ ဖေဖော်ဝါရီ (၉)ရက်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ (၉) ရက်မှ (၁၅)ရက်အထိ ရက်သတ္တပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး သင် တန်းနည်းပြ Mr. Mohamad Rodzali Bin Yacob က ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်း၌ သင်တန်းသား (၅၈) ဦး၊ သင်တန်းသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071