ပဲခူးတိုင်း၊ပဲခူးမြို့၊သာယာအေးကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဒီဇင် ဘာ ၂၇ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီခွဲက ပဲခူးမြို့၊သာယာအေးကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်း၏ သာယာအေးလမ်းဆုံတွင် “ကမ္ဘာကျော်”ခရီးသည်တင်ကားက ဆိုင်ကယ်အားရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရပ်ထားသည့် တွဲကား၏နောက်ပိုင်းအားဝင်တိုက်မိခဲ့သည်။
ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ထုတ်ပေးခဲ့ကြသော်လည်း ထိခိုက်ဒဏ်ရာများရရှိထားကာ သေဆုံးလျက်ပြန်လည်ထုတ်ယူနိုင်ခဲ့ပြီး ယာဥ်နောက်လိုက်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားမောင်းတဲ့လူနဲ့ စပယ်ယာသေဆုံးတဲ့အပြင် ခရီးသည် ၂ ယောက်လည်း စိုးရိမ်ရဒဏ်ရာတွေရသွားတယ် အရှိန်ကတော်တော်များတဲ့အနေအ ထားရှိတယ် ကားခေါင်းတစ်ခုလုံးကြေမွပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
