ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်ရှိ အငြိ မ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်မှုနှင့် ဆေးဝါးတစ်လစာ ထောက်ပံ့မှုကို ယမန်နေ့ ဧပြီလ (၂၂) ရ က်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအား မြို့နယ် (၂၈) မြို့ နယ်ရှိ သက်ဆိုင်ရာ အထွေထွေ ရောဂါကုဆေးရုံကြီးများတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး(၁)လစာ လစဉ်ထောက်ပံ့ ပေးသည့်အ ပြင် အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် တပါတည်းရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။
ယင်းသို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျှက်ရှိရာ (၁၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အငြိမ်းစား နိုင်ငံဝန်ထမ်း စုစု ပေါင်း (၉၃,၀၀၀)ဦး ကျော်ရှိပြီး ပဲခူးမြို့နယ် အတွင်း၌ အ ငြိမ်းစား နိုင်ငံ့ဝန်ထမ်း(၁၂,၀၀၀)ဦးကျော် နေထိုင်လျှက်ရှိကြောင်း သိရသည်။


