ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်၌ မဲဆန္ဒနယ်မြေပြင်ပတွင် ရောက်ရှိနေသူများ၏
ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ယမန်နေ့ (ဒီဇင်ဘာ ၂၇) က ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြခြင်း ဖြစ်သည်။
ရေတွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီရုံးများမှ အသိသက်သေများ ရှေ့မှောက်တွင် ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်ဟု ဆိုသည်။
ယမန်နေ့မှစတင်ကာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ကြိုတင်မဲများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေတွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
