ပေါက်မြို့နယ်၊ဒေါင်းသာကျေးရွာတွင် သီတင်း သုံးနေသည့် သက်တော် ၅၉ နှစ်ရှိ ဆရာတော် လည်ပင်းအားဓားဖြင့်ခုတ်၍ သတ်ဖြတ်ခံခဲ့ရဟု နစက ထုတ်ပြန်
မကွေးတိုင်း၊ပေါက်မြို့နယ်၊ဒေါင်းသာကျေးရွာရှိ သာသနဝံသဘုန်းတော်ကြီးကျောင်း၌ သီတင်း သုံးနေသည့် ဆရာတော် ဘဒ္ဒန္တပဝရ သက်တော် (၅၉)နှစ်၊ဝါတော်(၁၂)ဝါသည် ဇူလိုင် ၂ ရက်မွန်း လွဲ ၁ နာရီခန့်က လည်ပင်းအားဓားဖြင့်ခုတ်၍ သတ်ဖြတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ဆရာတော် ဘဒ္ဒန္တပဝရ သည်လယ်လန်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်တစ်ပါးတည်း သွားရောက်စဉ် လယ်လန်းကျေးရွာအနီးအရောက် လက်နက် ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျားပစ်ကန်ကျေးရွာအနီးတွင် ဆရာ တော်၏လည်ပင်းအား ဓားဖြင့်ခုတ်၍သတ်ဖြတ်ခဲ့သဖြင့် ဓားခုတ်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးသတ် ဖြတ်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သံဃာတော်အပါး ၅၀ နှင့်သီလရှင်ဆရာကြီး ၁ ပါးတို့ ပျံလွန်တော်မူခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။