ပေကျင်း၊ဇူလိုင် ၃၀
တိုင်ဖွန်းမုန်တိုင်းဒေါ့ခ်ဆူရီက ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်မှုကြောင့် မြို့တော်ပေကျင်းနှင့်အနီးနားပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း တရုတ်နိုင်ငံမိုးလေဝသဌာနက ဇူလိုင် ၂၉ ရက်တွင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုများ အဆိုးရွားဆုံးဖြစ်ပေါ်နေကာ ယခုနွေရာသီ၌လည်း အပူချိန်စံချိန်တင်မြင့်တက်ခဲ့သေးသည်။ယခုရွာသွန်းသည့်မိုးရေချိန်ကြောင့်လည်း လူခုနစ်ဆယ့်ကိုးဦး သေဆုံးခဲ့ရသည့် ၂၀၁၂ ခုနှစ်၏ရေကြီးမှုဖြစ်စဉ်ထက်ပင် ပိုဆိုးနိုင်ကြောင်း ပညာရှင်များကသတိပေးထားသည်။
ထို့ကြောင့်ပေကျင်းရှိ ပန်းခြံများ၊ရေကန်များနှင့်ကမ်းနားလမ်းများ စသည့်နေရာအများအပြားကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ထားကြောင်း မြူနီစီပယ်အာဏာပိုင်များကကြေငြာခဲ့သည်။
အချို့သောအများပြည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ရပ်နားထားရကြောင်းသိရသည်။မုန်တိုင်းသည် ပေကျင်း၌ အပူချိန်စံချိန်တင်မြင့်တက်နေပြီးနောက် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
ဇူလိုင်လအစပိုင်းတွင်မူ ပေကျင်းနှင့်အနီးတစ်ဝိုက်ဒေသတွင် အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီး ဒေသတွင်းအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ကြောင်းလည်းသိရှိရသည်။
Source : Reuters