(Unicode)
ပူတာအိုဒေသတွင် ဖျားနာလူနာများ များပြားနေဟုဆို
ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ ဝေးလံခေါင်ဖျားကျေးရွာအချို့တွင် ဖျားနာလူနာများ များပြားနေတယ်လို့ ပူတာအိုမြို့နေ ဒေသခံများထံမှ သိရပါတယ်။
ယင်းကဲ့သို့ ဖျားနာလူနာတွေ များပြားနေရတာဟာ ရာသီဥတု အအေးဒဏ်ကြောင့်ဖြစ်ပြီး လူကြီးပိုင်းအများစုတွင် ဖျားနာမှုတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း ကိုဗစ် ၁၉ Positive လူနာတွေ့ ရှိမှုကတော့ လက်ရှိကာလမှာ မရှိသလောက်နည်းပါးနေပြီး တစ်ဦးစ၊ နှစ်ဦးစတွင်သာ ရောဂါလက္ခဏာများတွေ့ ရှိနေတယ်လို့ ပူတာအိုမြို့ အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
“မြို့နဲ့ နည်းနည်းဝေးတဲ့ကျေးရွာတွေမှာ ကိုဗစ်တော့ မဟုတ်ဘူး။ ရာသီတုပ်ကွေးဖျားနာတဲ့ လူနာတွေက များနေတယ်။ ရွာတိုင်းလိုလိုမှာ လူကြီးပိုင်းတွေ ဖျားနေကြတယ်၊ Positive လူနာတော့ မဟုတ်ဘူးပေါ့။ အဲ့လိုမျိုးပေါ့၊ ဖျားနာလူနာများတာ ရာသီဥတုကြောင့်ပါ၊ကိုဗစ်တွေ့တာက ပုံမှန်ပါဘဲ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ဘဲရှိတယ်။ ကိုဗစ်ကတော့ ကျနေပြီ အခုကာလမှာ နယ်လှည့်ပြီး ကုသပေးမှုတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ ပုံမှန်လုပ်နေပါတယ်။
လာမယ့် စနေနေ့ အပတ်မှာလည်း ကျေးရွာတွေဘက်ကိုနယ်လှည့်ကွင်းဆင်းပြီး သွားရောက်ဖို့ စစ်ဆေးပေးဖို့ရှိပါတယ်။”လို့ ပူတာအိုမြို့ ဒေသခံ ပရဟိတသမားတစ်ဦးဖြစ်သူ ကိုဒီတန်းက ပြောပြခဲ့ပါတယ်။
လက်ရှိကာလတွင် ပူတာအိုဒေသမှာ ကိုဗစ် ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ရောဂါဖြစ်ပွားသူတွေက အနည်းငယ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ရောဂါလက္ခဏာပြင်းထန်သူအချို့ အနေနဲ့ ရောဂါအခံနှင့် ရာသီဥတုဒဏ်ကြောင့် သေဆုံးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းက အဆိုပါ ပူတာအိုဒေသမှာ ရာသီတုပ်ကွေးဖျားနာလူနာတွေ များပြားလာခဲ့ခြင်းဖြစ်ပြီး ရာသီတုပ်ကွေးနှင့်တွဲ၍ ကိုဗစ် ၁၉ Positive လူနာအများအပြားကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ပူတာအိုဒေသတွင် ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနဲ့ ပတ်သက်သည့် လုပ်ငန်းစဉ်တွေကို ခရိုင်၊မြို့နယ်အဆင့် ကျန်းမာရေးဌာနများနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
ထို့အပြင် ပူတာအိုဒေသရှိ ဝေးလံခေါင်ဖျားကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးနေတယ်လို့ ပူတာအိုမြို့ အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
(Zawgyi)
ပူတာအိုေဒသတြင္ ဖ်ားနာလူနာမ်ား မ်ားျပားေနဟုဆို
ကခ်င္ျပည္နယ္၊ ပူတာအိုေဒသရွိ ေဝးလံေခါင္ဖ်ားေက်း႐ြာအခ်ိဳ႕တြင္ ဖ်ားနာလူနာမ်ား မ်ားျပားေနတယ္လို႔ ပူတာအိုၿမိဳ႕ေန ေဒသခံမ်ားထံမွ သိရပါတယ္။
ယင္းကဲ့သို႔ ဖ်ားနာလူနာေတြ မ်ားျပားေနရတာဟာ ရာသီဥတု အေအးဒဏ္ေၾကာင့္ျဖစ္ၿပီး လူႀကီးပိုင္းအမ်ားစုတြင္ ဖ်ားနာမႈေတြျဖစ္ပြားေနျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
သို႔ေသာ္လည္း ကိုဗစ္ ၁၉ Positive လူနာေတြ႕ ရွိမႈကေတာ့ လက္ရွိကာလမွာ မရွိသေလာက္နည္းပါးေနၿပီး တစ္ဦးစ၊ ႏွစ္ဦးစတြင္သာ ေရာဂါလကၡဏာမ်ားေတြ႕ ရွိေနတယ္လို႔ ပူတာအိုၿမိဳ႕ အေျခစိုက္ လူမႈကူညီေရးအသင္းမ်ားထံမွ သိရပါတယ္။
“ၿမိဳ႕နဲ႔ နည္းနည္းေဝးတဲ့ေက်း႐ြာေတြမွာ ကိုဗစ္ေတာ့ မဟုတ္ဘူး။ ရာသီတုပ္ေကြးဖ်ားနာတဲ့ လူနာေတြက မ်ားေနတယ္။ ႐ြာတိုင္းလိုလိုမွာ လူႀကီးပိုင္းေတြ ဖ်ားေနၾကတယ္၊ Positive လူနာေတာ့ မဟုတ္ဘူးေပါ့။ အဲ့လိုမ်ိဳးေပါ့၊ ဖ်ားနာလူနာမ်ားတာ ရာသီဥတုေၾကာင့္ပါ၊ကိုဗစ္ေတြ႕တာက ပုံမွန္ပါဘဲ တစ္ေယာက္စ၊ ႏွစ္ေယာက္စ ေလာက္ဘဲရွိတယ္။ ကိုဗစ္ကေတာ့ က်ေနၿပီ အခုကာလမွာ နယ္လွည့္ၿပီး ကုသေပးမႈေတြကိုလည္း လုပ္ေဆာင္ေပးေနပါတယ္။ ပုံမွန္လုပ္ေနပါတယ္။
လာမယ့္ စေနေန႔ အပတ္မွာလည္း ေက်း႐ြာေတြဘက္ကိုနယ္လွည့္ကြင္းဆင္းၿပီး သြားေရာက္ဖို႔ စစ္ေဆးေပးဖို႔ရွိပါတယ္။”လို႔ ပူတာအိုၿမိဳ႕ ေဒသခံ ပရဟိတသမားတစ္ဦးျဖစ္သူ ကိုဒီတန္းက ေျပာျပခဲ့ပါတယ္။
လက္ရွိကာလတြင္ ပူတာအိုေဒသမွာ ကိုဗစ္ ေရာဂါျဖစ္ပြားမႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေသာ္လည္း ေရာဂါျဖစ္ပြားသူေတြက အနည္းငယ္က်န္ရွိေနေသးတာျဖစ္ပါတယ္။ အဲ့ဒီထဲကမွ ေရာဂါလကၡဏာျပင္းထန္သူအခ်ိဳ႕ အေနနဲ႔ ေရာဂါအခံႏွင့္ ရာသီဥတုဒဏ္ေၾကာင့္ ေသဆုံးသူေတြလည္းရွိေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့လပိုင္းေတြ အတြင္းက အဆိုပါ ပူတာအိုေဒသမွာ ရာသီတုပ္ေကြးဖ်ားနာလူနာေတြ မ်ားျပားလာခဲ့ျခင္းျဖစ္ၿပီး ရာသီတုပ္ေကြးႏွင့္တြဲ၍ ကိုဗစ္ ၁၉ Positive လူနာအမ်ားအျပားကို ေတြ႕ ရွိခဲ့ျခင္းျဖစ္ပါတယ္။
ဒါ့ေၾကာင့္လည္း ပူတာအိုေဒသတြင္ ကိုဗစ္ေရာဂါ
ကာကြယ္၊ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္သည့္ လုပ္ငန္းစဥ္ေတြကို ခ႐ိုင္၊ၿမိဳ႕နယ္အဆင့္ က်န္းမာေရးဌာနမ်ားႏွင့္ ေဒသခံလူမႈေရးအသင္းအဖြဲ႕မ်ားက ပူးေပါင္း၍ ေဆာင္႐ြက္ေပးေနတယ္လို႔လည္း သိရပါတယ္။
ထို႔အျပင္ ပူတာအိုေဒသရွိ ေဝးလံေခါင္ဖ်ားေက်း႐ြာမ်ားသို႔ နယ္လွည့္ကြင္းဆင္း သြားေရာက္၍ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားကိုလည္း ျပဳလုပ္ေပးေနတယ္လို႔ ပူတာအိုၿမိဳ႕ အေျခစိုက္ လူမႈကူညီေရးအသင္းမ်ားထံမွ သိရပါတယ္။