အသက်(၁၅) နှစ်အရွှယ် ရဝမ်လူမျိုး အမျိုးသမီးငယ် အဓမ္မကျင့်သ-တ်ဖြတ်ခံရမှုအား အမှုမှန်ဖော်ထုတ်ပေးရန်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ယနေ့ မေ(၁၃)ရက် နံန က်(၉)နာရီအချိန်မှစတင်၍ ဒေသတွင်းလူငယ်တစ်သောင်းခွဲကျော် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြကြောင်း ယင်းဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူတစ်ဦးက ပေါ်ပြုလာနယူးစ်သို့ ပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော်မှုအား နံနက် (၉)နာရီမှ မွန်းလွှဲ(၂)နာ ရီအထိ စုပေါင်းချီတက် ဆန္ဒပြခြင်းဖြစ်ပြီး ဒုတ္တန်ရပ်ကွက်ရှိ အမျိုးသမီးငယ်နေအိမ်မှ သ-တ်ဖြတ်ခံခဲ့ရသည့် နေ ရာအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
တရားမျှတမှုရရှိရေး၊ အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်မှုအပေါ် (လုံးဝ) လုံးဝ ကန့်ကွက်ကြောင်း၊ တရားမျှတသည့် ပြစ်ဒဏ်ပေးရေးစသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ ပူတာအိုမှာရှိတဲ့ လူငယ်တွေအကုန်လုံး ဒီမတရားမှုကို လက်မခံတဲ့ လူငယ်တစ်သောင်းငါးထောင်အထက် လမ်းပေါ်ထွက်ခဲ့ကြတယ်။ ကလေးမလေးရဲ့ နေအိမ်ဖြစ်တဲ့ ဒုတ္တန်ရပ်ကွက်ကနေ အသ-တ်ခံရတဲ့ ဖြစ်စဉ် ဖြစ်တဲ့ နေရာအထိပေါ့။ မိန်းကလေးက ရဝမ်လူမျိုးပါ။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ တကယ်ရိုးသားတဲ့သူတွေကို အနိုင်ကျင့်တာ လက်မခံဘူး။ ဒါတွေအားလုံး ပပျောက်မှုအတွက် တကယ်ကိုထိမိတဲ့ လုံခြုံမှုကိုပေးဖို့ ကျွန်တော်တို့တောင်းဆိုတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခု အဓမ္မကျင့်သ-တ်ဖြတ်ခံရမှုသည် ပူတာအိုဒေသရှိ ရဝမ်လူမျိုးအတွင်း ပထမဆုံးအကြိမ် အရက်စက်ဆုံးလူသ-တ်မှုတစ်ခုဖြစ်သည်ဟု ၎င်း၏ ထပ်မံသုံးသပ်ပြောကြားပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုအတွက် ရဝမ်ဌာနေပြည်သူ့စစ်အဖွဲ့က လုံခြုံရေးရယူပေးခဲ့ကြောင်း ဆိုသည်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ပူတာအိုဒေသခံအသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်သည် ပြီးခဲ့သည့် မေလ (၁၀) ရက်၊ ညနေ (၄) နာရီခန့်က စားဆီသွားဝယ်ရန် နေအိမ်မှထွက်သွားပြီး မိုးချုပ်သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက ည (၁၁) နာရီခန့်တွင် လိုက်လံရှာဖွေရာ ဒုတ္တန်ရပ်ကွက် (၂) အနီးရှိ သက်ကယ်တောတွင် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- K Sar Ram





