ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့ အရေးတကြီး တွေ့ဆုံရန် ဖြစ်နိုင်သော်လည်း လက်ရှိတွင် အလျင်စလိုတွေ့ဆုံရန် မလိုအပ်သေးကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ပြောကြားသည်။
“သီအိုရီအရ ပြောရရင် ဖြစ်နိုင်ပေမယ့်၊ လက်ရှိမှာတော့ အဲဒီလို အလျင်စလိုလုပ်ဖို့ မလိုအပ်သေးပါဘူး” ဟု သူကဆိုသည်။
ယခုအချိန်အခါတွင် ယူကရိန်း အရေးကိစ္စကို ဖြေရှင်းရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ အသေးစိတ် အကျေအလည် လုပ်ဆောင်ရန်သု လိုအပ်ကြောင်းကိုလည်း ပက်စ်ကော့ဗ်က အလေးပေး ပြောကြားခဲ့သည်။
