Wednesday, July 16, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့)...

ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား

ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း...
HomeInternationalပူတင်နှင့်ရှီတို့ ယူကရိန်းနှင့်ထိုင်ဝမ်အရေးဆွေးနွေးမည်ဟု ခရင်မလင်ထုတ်ပြန်

ပူတင်နှင့်ရှီတို့ ယူကရိန်းနှင့်ထိုင်ဝမ်အရေးဆွေးနွေးမည်ဟု ခရင်မလင်ထုတ်ပြန်

ပူတင်နှင့်ရှီတို့ ယူကရိန်းနှင့်ထိုင်ဝမ်အရေးဆွေးနွေးမည်ဟု ခရင်မလင်ထုတ်ပြန်

မော်စကို၊စက်တင်ဘာ ၁၄

ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့တွင် ဥဇဘက်ကစ္စတန်၌ပြုလုပ်မည့် အစည်းအဝေး၌ ပထဝီနိုင်ငံရေးအခြေအနေအရ အထူးအရေးကြီးသည်ဟုယူဆထားသည့် ယူကရိန်းနှင့်ထိုင်ဝမ်အရေးများကိုဆွေးနွေးမည်ဖြစ်ကြောင်း ခရင်မလင်နန်းတော်၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

တရုတ်သမ္မတရှီသည် မော်စီတုန်းနောက်ပိုင်း ဩဇာအကြီးဆုံးနိုင်ငံ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမခံရမီတစ်လအလိုတွင် ပူတင်နှင့်တွေ့ဆုံရန်ရှိသည့် အာရှအလယ်ပိုင်းသို့ခရီးထွက်မည်ဖြစ်ပြီး ကိုဗစ်အလွန်ပထမဆုံးခရီးစဉ်ဖြစ်သည်။

သမ္မတနှစ်ဦးသည် နှစ်နိုင်ငံအစီအစဉ်များနှင့် အဓိကကျ‌ သောဒေသတွင်းနှင့်နိုင်ငံတကာ အကြောင်းအရာများကိုပါဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပူတင်၏လက်ထောက် Yuri Ushakov ကမော်စကိုတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ထို့ပြင် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း မကြုံစဖူးမြင့်မားသောယုံကြည်မှုအဆင့်နှင့်ပတ်သက်၍ အပြုသဘောဆောင်သောအကဲဖြတ်မှုကိုပြုလုပ်မည်ဖြစ်ကြောင်းလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

အင်အားကြီးမားလာနေသောတရုတ်နှင့်သဘာဝအရင်းအမြစ်ပေါသော ရုရှားတို့အကြားအကန့်အသတ်မရှိသောနက်ရှိုင်းသည့်ဆက်ဆံရေးရှိနေခြင်းသည် အနောက်နိုင်ငံများကသတိထားစောင့်ကြည့်နေရသည့် ပထဝီနိုင်ငံရေးတိုးတက်ဖွံ့ဖြိုးမှုတစ်ခုဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် မော်စကို၏နိုင်ငံတော်ဘဏ္ဍာအတွက် အဓိကဝင်ငွေများထဲမှတစ်ခုဖြစ်သည့် ရေနံကိုအများဆုံးဝယ်ယူသူဖြစ်သည်။ယူကရိန်းအရေးနှင့်ပတ်သက်၍ မတည်မငြိမ်ဖြစ်နေစဉ် ဥရောပသို့ဓာတ်ငွေ့ ပေးသွင်းမှု ကို သိသိသာသာလျှော့ချလိုက်သည့် မော်စကိုသည်၎င်း၏ဓာတ်ငွေ့ရောင်းချမှုကိုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံသို့ပိုက်လိုင်းအသစ်များတည်ဆောက်ရန်ပါကြိုးပမ်းလျက်ရှိသည်။

Ushakov ကမူ မော်စကိုအနေဖြင့် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ တရုတ်၏ရပ်တည်ချက်ကိုတန်ဖိုးထားပြီး ပေကျင်းသည်ပဋိပက္ခကို ဦးတည်သည့်မျှတသောချဉ်းကပ်မှုကိုလုပ်ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။

“တရုတ်အနေနဲ့ရုရှားကအထူးစစ်ဆင်‌ရေးကို မဖြစ်မနေလုပ်ခဲ့ရတယ် ဆိုတာကိုရှင်းရှင်လင်းလင်းနားလည်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လည်း လာမဲ့တွေ့ဆုံမှုမှာ အကျေအလည်ဆွေးနွေးသွားမှာပါ” ဟု၎င်းကပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်းပိုးလမ်းမမြို့ Samarkand ၌ကျင်းပမည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့၏တွေ့ဆုံမှုသည် ရှန်ဟိုင်း၌ကျင်းပသည့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုတစ်ခုဖြစ်သည်။

Ushakov ၏ပြောကြားချက်အရ ယခုဥဇဘက်ကစ္စတန်၌တွေ့ဆုံမှုအတွင်း တရုတ်နှင့်စွမ်းအင်ဆိုင်ရာသဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးရန်မရှိနိုင်ဟုသိရှိရသည်။

Source –Reuters/fh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။ “သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့်...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကာ အင်္ဂါနေ့ညပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်လိုက်သော အမိန့်၌ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ ၎င်းတို့၏ အွန်လိုင်းလိ-မ်ညာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဟွန်မာနက်က ပြောသည်။ ရဲတပ်ဖွဲ့အပြင် မြို့ကြီးများနှင့် ပြည်နယ်များဆိုင်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ အပိုင်နယ်မြေနှင့် တရားစီရင်ရေးနယ်နိမိတ်အတွင်းရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို တရားဥပဒေနှင့်အညီ ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071