Monday, December 8, 2025

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...
HomeInternationalပူတင်နှင့်နေတန်ယာဟုတို့ ကုလသမဂ္ဂ၌ မဲခွဲ၍မဆုံးဖြတ်မှီ...

ပူတင်နှင့်နေတန်ယာဟုတို့ ကုလသမဂ္ဂ၌ မဲခွဲ၍မဆုံးဖြတ်မှီ ဆွေးနွေး

မော်စကို၊ နိုဝင်ဘာ ၁၇

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များဖြန့်ကျက်ချထားခြင်း နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲ၍ မဆုံးဖြတ်မှီ ဖုန်းဖြင့် စကားပြောခဲ့ကြသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ခြင်းနှင့် အကျဉ်းသားများ ဖလှယ်ခြင်းစသည့်အခြေအနေတွင် ဂါဇာကမ်းမြှောင်ဒေသတွင် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအပါအဝင် အရှေ့အလယ်ပိုင်းဒေသအခြေအနေကို စေ့စေ့စပ်စပ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ခရမ္မလင်နန်းတော်က စနေနေ့တွင် ပြောကြားခဲ့သည်။ ခေါင်းဆောင်များသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ဆီးရီးယားရှိ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အစ္စရေးဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့သည် ဒေသတွင်းပြဿနာများကို ဆွေးနွေးခဲ့ကြသည်ဟု နေတန်ယာဟုရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိက သည် ဂါဇာတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို အနည်းဆုံး နှစ်နှစ်ကြာ ဖြန့်ကြန့် ချထားခွင့်ပြုရန် အဆိုပြုထားသည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အသွင်ကူးပြောင်းရေး အုပ်ချုပ်ရေးအဖွဲ့အဖြစ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို တည်ထောင်ရန် တောင်းဆိုခဲ့သည်။ သောကြာနေ့တွင် အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန်၊ တုကီယေး၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့သည် အမေရိက ၏ အဆိုပြုချက်ကို ထောက်ခံသည့် ပူးတွဲကြေညာချက်တစ်ရပ်ကို သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

မော်စကိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ရွေးချယ်စရာများ ရေးဆွဲခြင်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုတာဝန်ပေးမည့် အစားထိုး အဆိုပြုချက်တစ်ရပ်ကို တင်သွင်းခဲ့သည်။ ရုရှားမစ်ရှင်သည် တည်ငြိမ်ရေးတပ်ဖွဲ့များကို “ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကိရိယာများ” ကင်းမဲ့နေပြီး နှစ်နိုင်ငံဖြေရှင်းချက်ကို ဖော်ပြခြင်းမပြုသည့်အတွက် ရုရှားမစ်ရှင်က ဝေဖန်ခဲ့သည်။ “အမှန်တကယ်တန်းတူညီမျှပြီး အားလုံးပါဝင်သည့်ချဉ်းကပ်မှုနည်းလမ်း” မှသာလျှင် ငြိမ်းချမ်းရေးကို အာမခံနိုင်သည်ဟု ၎င်းကဆိုသည်။

အဆိုပြုချက်နှစ်ခုလုံးကို တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြို့နယ်အောင်နိုင်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး လူထုတွေ့ဆုံပွဲသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မော်လမြိုင်မြို့မှ လွှဲ၍ အခြားမြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေးလု ပ်ငန်းစဉ်များကို အကျဉ်းချုံးသာ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။ မွန်ပြည်နယ်တွင် တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏ စီးပွားရေး အတန်အသင့် နာလံထူမှု လက္ခဏာများတွေ့ရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက် အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာ (Myanmar Economic Monitor)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071