Wednesday, November 19, 2025

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး...

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း...

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော...

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့...
HomeInternationalပူတင်နှင့်တွေ့ရန် စဉ်းစားဆုံးဖြတ်နေဆဲဟု ထရမ့်ဆို

ပူတင်နှင့်တွေ့ရန် စဉ်းစားဆုံးဖြတ်နေဆဲဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံမယ့်ကိစ္စကို သူစဉ်းစားဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အချိန်ဖြုန်းတာမျိုး၊ အချည်းနှီးဖြစ်တဲ့ တွေ့ဆုံမှုမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်” လို့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဆုံးဖြတ်ချက် မချရသေးပါဘူး” လို့ ထရမ့်က အလေးအနက် ပြောကြားခဲ့ပါတယ်။

ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးကို ဟန်ဂေရီမှာ ကျင်းပမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို နောက်နှစ်ရက်အတွင်း ချမှတ်နိုင်တယ်လို့လဲ သူက မှတ်ချက်ချခဲ့ပါတယ်။

“ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” လို့ ထရမ့်က ပြောကြားခဲ့ပြီး၊ မီဒီယာတွေကို “နောက်နှစ်ရက်အတွင်း ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ အကြောင်းကြားသွားမယ်”လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ “အများကြီး ဖြစ်နေပါတယ်” လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က ထရမ့်ဟာ ပူတင်နဲ့ ဖုန်းပြောဆိုပြီးနောက် မကြာခင်မှာ ဘူဒါပက်စ်မှာ တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတရဲ့ လက်ထောက် ယူရီ အူရှာကော့ဗ်ကလည်း မော်စကိုနဲ့ ဝါရှင်တန်တို့ဟာ ခေါင်းဆောင်နှစ်ဦးရဲ့ အစည်းအဝေးသစ်အတွက် ပြင်ဆင်မှုတွေ စတင်မှာဖြစ်ပြီး ဟန်ဂေရီမြို့တော်မှာ “မနှောင့်နှေးဘဲ” ကျင်းပနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့အဆိုအရ ဒါဟာ “တကယ်ပဲ အလွန်အရေးကြီးတဲ့ အချိန်အခါ” ဖြစ်ပါတယ်။ အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို မကြာမီကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်တို့ ဖုန်းပြောဆိုပြီးနောက် စတင်မယ်လို့ အူရှာကော့ဗ်က သတ်မှတ်ပြောကြားခဲ့ပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလဲထိပ်သီးအစည်းအဝေး အဆင်ပြေချောမွေ့စေဖို့ စီစဉ်ဖွဲ့စည်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ လက်ဗ်ရော့ဗ်နဲ့ ရူဘီယိုတို့ဟာ ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့ပြီး ပူတင်-ထရန့် ဖုန်းပြောဆိုမှုအတွင်း ရရှိခဲ့တဲ့ နားလည်မှုတွေကို အကောင်အထည်ဖော်ဖို့ အလားအလာရှိတဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ လက်ဗ်ရော့ဗ်နဲ့ ရူဘီယိုတို့ရဲ့ တွေ့ဆုံမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းထွက်‌လာခဲ့ပြီး ဒါဟာ ရုရှားနဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ဘူဒါပက်စ် ဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ခရမ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ် မှတ်ချက်ပြုသလို ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် အလေးအနက်ပြင်ဆင်မှုတွေ လိုအပ်တာကြောင့် တိကျတဲ့ရက်စွဲတွေ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။ အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။ CoinGecko...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော ရထား​လမ်း

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးလာ​နေပြီး ကူမင်းမှသည် စင်ကာပူထိ သွားနိုင်​အောင် လုပ်မည်ဖြစ်သည်။ ပုံများမှာ လာအို  ၊ ဗီယန်ကျန်း ဘူတာရုံမှ ထွက်ပြီး လန်ဖရာဘန် ဘူတာ အဆိုက်ပုံများဖြစ်သည်။။ ဗီယန်ကျန်းမှ လန်ဖရာဗန်သို့ တစ်နာရီခွဲသာကြာမြင့်သည်။ပုံမှန်ဘတ်စ်ကားဖြင့် ၉ နာရီ၊ လေယာဉ်ဖြင့် တစ်နာရီ၊ရိုးရိုးရထားဖြင့်နှစ်နာရီခွဲသွားရသည့် ခရီးကို  အမြန်ရထားဖြင့်တစ်နာရီခွဲသာကြာသည်။ လန်ဖရာဗန်မြို့ သည် ကမ္ဘာ့လှည့်ခရီးသွားများ ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071