အစ္စရေးဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်နက်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံမှ ယူကရိန်းခေါင်းဆောင်အား သတ်မည်မဟုတ်ဟူသော ကတိပြုချက်ရရှိခဲ့ကြောင်း ရေဒီယို အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
အရေးအခင်းအား ဖျန်ဖြေပေးရန် ဘန်နက်သည် ပြီးခဲ့သည့်နှစ် မတ်လက မော်စကိုသို့ တိတ်တဆိတ် သွားရောက်ကာ ပူတင်နှင့် တွေ့ဆုံစဉ် ပူတင်က ထိုသို့ ကတိပေးလာခြင်းဖြစ်သည်။
“ဇလန်းစကီးကို သတ်ဖို့ ရည်ရွယ်ထားလားလို့ မေးခဲ့ပါတယ်၊ သူက ဇလန်းစကီးကို မသတ်ပါဘူးလို့ ပြောတယ်၊ ခင်ဗျား ဇလန်းစကီးကို မသတ်ဘူးဆိုတဲ့ ကတိပေးတယ်ဆိုတာကို သေချာသိထားမှရမယ်လို့ ပြောလိုက်တယ်၊ ပူတင်က ငါ ဇလန်းစကီးကို သတ်မှာ မဟုတ်ပါဘူးဆိုပြီး ဖြေလာတယ်” ဟု ဘန်နက်က အင်တာဗျူးတွင် ပြောလာသည်။
ဘန်နက်က ပူတင်နှင့် ဆွေးနွေးပြောဆိုပြီးနောက် ဇလန်စကီးထံ ဖုန်းဆက်ကာ အဆိုပါ သတင်းစကားကို ပြန်လည်ပြောပြခဲ့သည်ဟု ဆိုသည်။
“ဇလန်းစကီးက သေချာလားလို့ မေးတယ်၊ တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်၊ သူ ခင်ဗျားကို သတ်မှာမဟုတ်ပါဘူးလို့ ပြောခဲ့တယ်” ဟု ဘန်နက်က ထည့်သွင်းပြောကြားခဲ့သည်။
Source: Anadolu Agency