ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံသို့ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာကိုပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်အေသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြသည်။
၂၀၂၅ ခုနှစ်သည် မော်စကိုနှင့် ပြုံယမ်းအကြား ဆက်ဆံရေးအတွက် အထူးအဓိပ္ပာယ်ပြည့်ဝသော နှစ်ဖြစ်ကြောင်း ကင်မ်ထံပေးပို့သော သဝဏ်လွှာတွင် ပူတင်က ပြောကြားထားသည်ဟု ကေစီအင်န်အေက ပြောသည်။
ရုရှားနိုင်ငံ၏အနောက်ပိုင်း ကာ့စ်ခ်ဒေသစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ၏ သူရဲကောင်းပီသသော ပါဝင်ခဲ့မှုသည် နှစ်နိုင်ငံအကြား ထာဝရခိုင်မြဲသောဆက်ဆံရေးရှိသည်ကို ရှင်းလင်းစွာ သက်သေပြခဲ့ကြောင်းလည်း သတင်းစကားတွင် ဖော်ပြခဲ့သည်။
Ref: Global Banking & Finance
