ရှင်းဟွာ–ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်အားကြီးသော အနောက်တိုင်းမီဒီယာများသည် ၎င်းတို့ကြီးစိုးထားသော အနေအထားကို အသုံးချကာ “ဓမ္မဓိဋ္ဌာန်ကျကျ သတင်းရေးသားဖေါ်ပြနေသယောင်အသွင်ယူ၍ မကြာခဏဆိုသကဲ့သို့ သတင်းများကို ၎င်းတို့က လိုသလိုဖြန့်ဝေနေသည်” ဟုစွပ်စွဲခဲ့သည်။
RT နိုင်ငံတကာ ရုပ်မြင်သံကြားချန်နယ်၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပူတင်က အနောက်နိုင်ငံ ၏ခေတ်သစ် ဝါဒဖြန့် မှုသည် ယခင်ဆိုဗီယက်ခေတ်က လုပ်ပုံများနှင့် မဆိုသလောက်သာ ကွာခြားသည်ဟုပူတင်က ပြောသည်။
“မည်သည့် လက်ဝါးကြီးအုပ်မှုမဆို အနှေးနှင့်အမြန်ဆိုသလို နိဂုံးချုပ်သွားသည်သာ။ မည်မျှပင်ပေးဆပ်၍ လက်ဝါးကြီးအုပ်နေပါစေ အဆုံးသတ်သွားမည်” ဟု ၎င်းက ဆိုသည်။
RT နိုင်ငံတကာ ရုပ်မြင်သံကြားချန်နယ်ကို ၂၀၀၅ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည်။ အင်္ဂလိပ်၊ အာရဗီ၊ စပိန်၊ ပြင်သစ်၊ ဂျာမန်နှင့် ဆားဘီးယားဘာသာစကားများဖြင့် ထုတ်လွှင့်သည်။ ရုပ်မြင်သံကြားကွန်ရက်ကို ဘာသာစကားမျိုးစုံ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများဖြင့် ဖြည့်စွက်ထားသည်။
ရုပ်သံလွှင့်ဌာနသည် အနောက်နိုင်ငံအများအပြားတွင် ကန့်သတ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် အစိုးရများက ၎င်းကို သတင်းမှားများဖြန့်ဝေခြင်းနှင့် ရုရှားနိုင်ငံပိုင် ဝါဒဖြန့်ချိရေးကိရိယာအဖြစ် လုပ်ဆောင်သည်ဟု စွပ်စွဲထားသည်။ အဆိုပါစွပ်စွဲချက်များကို ချန်နယ်ကပယ်ချခဲ့ပြီး ၎င်းသည် အနောက်တိုင်းမီဒီယာများ၏ ထုတ်လွင့်ချက်များကို “အခြားနည်းလမ်းနှင့် မှန်ကန်သောရှုထောင့်အမြင်” ကို ပေးသည်ဟု ပြောကြားကြောင်း သိရသည်။
Ref: http://www.china.org
