Thursday, November 13, 2025

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂...

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက...

ထိုင်း Lumpinee Super Fight...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊...

IBEC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း...
HomeNewsLocal Newsပုသိမ် စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့...

ပုသိမ် စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၀၅၆၅ တန်ကို ပထမအသုတ်အနေဖြင့် တင်ပို့နိုင်ခဲ့

မြန်မာ – ဘင်္ဂလားဒေ့ရှ် အစိုးရချင်း နားလည်မှုဖြင့် ဆန်များ တင်ပို့လျက်ရှိ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စက် မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၁၀၅၆၅ တန်ကို ပထမသုတ်အနေဖြင့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်တန်ချိန် ၁၀၅၆၅ တန်သည် နှစ်နိုင်ငံ အစိုးရချင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည် ဆန်တန်ချိန် (၃) သိန်းတွင် ပါဝင်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလ (၂) ရက်မှ နိုဝင်ဘာ (၂၂) ရက်အထိပုသိမ် စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တိုက်ရိုက်တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် သိရသည်။

နိုဝင်ဘာ (၂) ရက်တွင် ပထမအကြိမ်အနေဖြင့် ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၂၆၅၀ တန်ကို ဧရာဟင်္သာကုမ္ပဏီမှ သ‌င်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို တိုက်ရိုက် စတင်တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၇) ရက်တွင် ဆန်တန်ချိန် ၂၆၁၅ တန်၊ နိုဝင်ဘာ ( ၁၃) ရက်နှင့် နိုဝင်ဘာလ (၂၂) ရက်တို့တွင် ဆန်တန်ချိန် ၂၆၅၀ တန်တို့ကို အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှတဆင့် သိရသည်။

ထို့အပြင် လာမည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့မှု ဒုတိယ အသုတ်တင်ပို့နိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ဆန်များတင်ပို့နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် (၂) သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် (၅) သောင်း တင်ပို့ရန် သဘောတူညီမှု ရရှိထားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ကာ တင်ပို့ပေးနေခြင်း ဖြ စ်သည်။

စက်တင်ဘာ လအတွင်းက သက်တမ်းတိုးခဲ့သည့် အဆို ပါ သဘောတူညီမှုအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂)သိန်း (၅)သောင်းနဲ့ ပေါင်းဆန်တန်ချိန် (၅)သောင်းအထိ တင်ပို့ရောင်းချနိုင်မည်ဖြစ် သ ည်။

ယင်း သဘောတူညီချက်အရ မြန်မာ့ဆန်ဖြူ (၁) တန်ကို ကုန်ကျစရိတ်၊ အာမခံငွေကြေး၊ သယ်ယူပို့ဆောင်စရိတ်အပါအဝင် (၁)တန်ကို အမေရိကန်ဒေါ်လာ (၄၆၅.၅၀) သ တ်မှတ်ထားပြီး လက်ရှိတွင် ဆန်တန်ချိန် (၁) သိန်းနီးပါး တင်ပို့ ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဆန်တင်ပို့မှု လုပ်ငန်းစဉ်ထဲမှ တစ်ခုအပါအဝင်အနေဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့မှု စတင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ဒုတိအကြိမ် ဆန်တင်ပို့မှုအတွက် ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်များတွင် အရည်‌အသွေးမီသည့် ကြိတ်ခွဲမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်‌ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre ကြား ကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာလက်မှတ်ထိုး

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ထိုင်း Lumpinee Super Fight မှာ ပွဲထွက်လာတဲ့ ရိုးရာဖိုက်တာကျော်စွာဝင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာဖိုက်တာ ကျော်စွာဝင်းမှာ မွေထိုင်းဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွင်း နောက်ထပ်ရိုးရာဖိုက်တာနှစ်ဦးလည်း ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိအချိန်၌ ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံက နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်နေပြီး၊မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071