ပုသိမ်တက္ကသိုလ်ဝင်းအတွင်း၌ ဆိုင်ကယ်ခိုးယူသူ ၂ ဦးအား ပြည်သူများကဝိုင်းဝန်းဖမ်းဆီး ၁ ဦးဖမ်းမိပြီး ၁ ဦးရေနစ်၍ ဆက်လက်ရှာဖွေ
ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ် ၃ ရပ်ကွက်ရှိ ပုသိမ်တက္ကသိုလ်ဝင်းအတွင်း၌ သြဂုတ် ၂၅ ရက် (ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယနေ့နေ့လည် ၃ နာရီခန့်က ပုသိမ်တက္ကသိုလ်ဝင်းအတွင်း၌ ရပ်ထားသည့်ဆိုင်ကယ်တစ်စီးအား အ မျိုးသား ၂ ဦးက ခိုးယူရန်ပြုလုပ်နေသည်ကို တွေ့ရှိခဲ့သည့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးရာ အမျိုးသား ၂ ဦးသည် ကန်သာ ယာရေကန်အားဖြတ်ကူး၍ထွက်ပြေးရာ အမျိုး သား ၁ ဦးကို ရေလယ်ကျွန်းအရောက်တွင်ဖမ်း ဆီးရမိခဲ့ပြီး ကျန်အမျိုးသား ၁ ဦးမှာ ရေနစ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရေနစ်နေသူအား ဆယ်ယူရရှိရန် တာ ဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များ၊အ နီးပတ်ဝန်းကျင်နေသူများက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ ဖမ်းဆီးရမိခဲ့သူအား တာဝန်ရှိသူများထံသို့ ဥပဒေအရဆက်လက်ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။