နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၁၂ ရက်နံနက် ၁၀ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဗ္ဗသီရိမြို့ နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာ၊ ဆင်သေချောင်းအနီးရှိ အ.မ.က ကျောင်းမှာ ရေတိုက်စားပြီး ကမ်းပါးပြိုကျကာ ချောင်းအတွင်းမျောပါသွားနိုင်သဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များက ကူညီရွှေပြောင်းပေးခဲ့ကြကြောင်း သိရသည်။
