လက်ရှိ ခရီးသွားရာသီတွင် ပုပ္ပါးတောင်သို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူများက ထောက်ပြပြောဆိုကြသည်။
ပုပ္ပါးတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားမြို့အနီးတွင်တည်ရှိပြီး တောင်တက်သူများနှင့် ဘုရားဖူးခရီးသွားပြည်သူများဖြင့် စည်ကားသောနေရာတစ်ခုဖြစ်ပြီး ထိုသို့ ခရီးသွားပြည်သူများ စည်ကားလာသည်နှင့်အမျှ စနစ်တကျစွန့်ပစ်မှုမရှိသူများကြောင့် သဘာဝပတ်ဝန်းကျင်များမှာ အမှိုက်များဖြင့် အကျည်းတန်ရသကဲ့သို့ သဘာဝပတ်ဝန်းကျင်ပျ-က်စီးမှုများ ဖြစ်ပွားနေရကြောင်း သဘာဝပ တ်ဝန်းကျင်အရေးတက်ကြွ လှုပ်ရှားသူများက ဆိုသည်။
“ဒီကာလ တောင်တက်ရာသီဖြစ်တာမို့ သဘာဝအခြေခံခရီး သွားနှစ်သက်ကြသူများနဲ့ စည်းကားနေလေ့ရှိပါတယ်။ တောင်တက်ခရီးသွားတွေ ပေါများလာတာနဲ့အတူပါလာတဲ့အမှိုက်တွေက သဘာဝတောတောင်ရေမြေကို အရုပ်ဆိုးအကျည်းတန်မှုနဲ့ သဘာဝကိုလည်း ပျ-က်စီးစေမှုတွေဖြစ်လာပါတော့တယ်။ တောင်ရှိလို့တောင်တက်ကြပေမယ့် တောင်ပေါ်မှာအမှိုက်တွေမထားရစ်ခဲ့ပဲ တောင်တက်ကြတဲ့ တောတောင်ရေမြေသဘာဝကိုချစ်သော တာဝန်သိခရီးသွားများဖြစ်စေဖို့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
ပုပ္ပားတောင်သည် တောင်ထိပ်တောင်ကုန်းပေါင်းမြောက်များစွာရှိပြီး ပုပ္ပားတောင်မကြီးသည် ပေပေါင်း(၅၀၀၀)ခန့် (၄၉၈၁)ပေရှိပြီး တောင်ထိပ်တောင်ကုန်းပေါင်း(၃၀)ကျော် ဝန်းရံနေသည့် တောင်ဖြစ်ကာ ပုပ္ပားတောင်ကြီး၏ အနော က်တောင်ဘက်ခြေရင်းတွင်ကပ်လျှက် တောင်ကလပ်တောင် တည်ရှိပြီး ပုပ္ပားတောင်တွင် မှန်ပြတောင်၊ နွားလပို့တော င်၊ ဆေးမွန်တောင်တို့ ကဖိုခနောက်ဆိုင်သဖွယ် တည်ရှိနေကြောင်း သိရသည်။
ထို့ပြင် ပုပ္ပားမီးထောင်ထိပ်ဝဟု ခေါ်သောခြုံးမတွင်းခြောက်အတွင်းတွင် ကမ္ဘာ့တွင် မြန်မာတစ် နိုင်ငံထဲသာရှိသည့် မျောက်မျက်ကွင်းဖြူခေါ် မျောက်ဇီးကွက်(မျောက်မြီးရှည်) များ အကောင် (၈၀၀)ခန့်ရှိနေသေးပြီး ခြုံးမတွင်းချောက်ထဲတွင် ကျင်လည်ကျက်စား နေကြသည့်အပြင် တောင်ကလပ်တွင် မျောက်ဖင်နီမျောက်မြောက်များစွာရှိနေကြကြောင်းနှင့် ပုပ္ပားတောင်တွင် သစ်ခွပညာရှင်များနှင့် သစ်တောဦးစီးဌာန၏ စာရင်းပြုစုထားချက်အရ သစ်ခွမျိုး (၅၂) မျိုးရှိကြောင်း သိရသည်။
