Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsပုဏ္ဏားကျွန်းဒေသ စစ်ရှောင်စခန်းများတွင် ယားနာရောဂါ(ဝဲ)...

ပုဏ္ဏားကျွန်းဒေသ စစ်ရှောင်စခန်းများတွင် ယားနာရောဂါ(ဝဲ) ကူးစက်သူ (၄၀၀)ကျော်ရှိနေ၊ ဆေးဝါးအခက်အခဲကြောင့် ကုသမှုများ ထိရောက်အောင်မလုပ်ဆောင်နိုင်သေးဟုဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းဒေသအတွင်းရှိ စစ်ရှောင်စခန်းများတွင် ယားနာရောဂါ(ဝဲ)ကူးစက်သူ(၄၀၀)ကျော်ရှိနေပြီး၊ ဆေးဝါး ရရှိမှုအခက်အခဲများကြောင့် ကုသမှုများ ထိရောက်အောင်မလုပ်ဆောင်နိုင်သေးကြောင်း ယင်းဒေသအခြေစိုက် လင်းရောင်ခြည်
ဖောင်ဒေးရှင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယားနာရောဂါဖြစ်ပွားမှုအတွက် ယခုလဆန်းပိုင်း၌ စစ်ရှောင်ဦးရေ(၂,၅၀၀)ဦးကို ‌အခြေပြုစစ်တမ်းကောက်ယူရာတွင် လူ(၄၈၂)ဦး ကူးစက်ခံစားနေကြရပြီး၊ ယင်းအနက် (၁၀)နှစ်အောက်ကလေ-းငယ် (၁၁၂)ဦးနှင့် (၅)နှစ်အောက် ကလေ-းငယ် (၄၀)ဦးတွင်လည်း ကူးစက်ခံထားရကြောင်း သိရသည်။

ထို ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ စစ်ရှောင်စခန်းများအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းခြင်း၊ လူအစုလိုက် နေထိုင်ကြရခြင်းနှင့် မိလ္လာစနစ်များထားရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု သူ၏ အမြင်ကို သုံးသပ် ပြောကြားသည်။

“လူကြီး ကလေ-း အကုန်ဖြစ်နေကြတာ။ဆေးဝါးတွေက ဝယ်မရဘူး၊ ရတဲ့ဆေးဝါးတွေကလည်း ဈေးတွေအရမ်းကြီးတော့ စစ်ရှောင်တွေက ဝယ်မသုံးနိုင်ဘူး။ သူတို့ စားရေးသောက်ရေးတောင်အနိုင်နိုင်ဖြစ်နေတာ။ အခုတော့ ကျွန်တော်တို့ နိုင်သ၍ လှူဒါန်းပေးထားတာတော့ရှိတယ်။ ကျန်းမာရေးဌာနကလည်း ရှိတဲ့ဆေးဝါးနဲ့ ကုသပေးနေရတာရှိတယ်။ဆေးဝါးတွေ အရမ်းလိုအပ်နေပါတယ် “ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ယားနာရောဂါမှာ ပြီးခဲ့သည် ပွင့်လင်းရာသီချိန်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ ပျောက်ကင်းအောင်ကုသပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် စစ်ရှောင်စခန်းများတွင်နေထိုင်ရခြင်းကြောင့် လက်ရှိအချိန်အထိ တစ်ဦးနှင့်တစ်ဦး ကူးစက်ပျံ့ပွားနေကြကြောင်း သိရသည်။

ပုဏ္ဏားကျွန်းဒေသအတွင်း စစ်ရှောင်စခန်းမည်မျှရှိသည်ကို မေးမြန်းရာတွင် ၎င်းအနေဖြင့်အဆိုပါ ကိစ္စအား ဖြေကြားလိုခြင်းမရှိဟု တုန့်ပြန်ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071