Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း...

ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်တော့မည်ဟု တရုတ်သံရုံးထုတ်ပြန်

(Unicode)

ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်တော့မည်ဟု တရုတ်သံရုံးထုတ်ပြန်

တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး quarantine ခံယူပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု တရုတ်သံရုံးက ယနေ့ ဇန်နဝါရီ ၄ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအကြိမ် မြန်မာနိုင်ငံသို့လာရောက်သည့် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေရှင်းပေးရမည့် လုပ်ငန်းဆောင်ရွက်ရန်နေရာ၊ ကုန်ကြမ်းပစ္စည်းများ ထားရှိမည့်နေရာ၊ နေထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာဘက်နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။

စီမံကိန်းအဖွဲ့သည် သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည့် အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်း အသေးစိတ် စစ်ဆေးခဲ့ကြောင်းနှင့် လာမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းပါ သံရုံးက ဆိုထားသည်။

၂၀၁၆ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ၆.၈ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား အပါအဝင် စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့ရသည်။

မြန်မာနိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည် ပုဂံသို့ အကြိမ်များစွာ လာရောက်လေ့လာခဲ့ပြီး စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သံရုံးကဖော်ပြသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သေးသည်ဟုလည်းသိရသည်။

(Zawgyi)

ပုဂံ သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္း တရားဝင္ စတင္ေဆာင္႐ြက္ေတာ့မည္ဟု တ႐ုတ္သံ႐ုံးထုတ္ျပန္

တ႐ုတ္ႏိုင္ငံ စန္ရွီးျပည္နယ္မွ ေစလႊတ္သည့္ ပုဂၢိဳလ္ ၄ ဦးပါဝင္ေသာ လုပ္ငန္းအဖြဲ႕သည္ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး quarantine ခံယူၿပီးေနာက္ ပုဂံသို႔ သြားေရာက္ကာ ျပဳျပင္ထိန္းသိမ္းေရးဆိုင္ရာ ကနဦးျပင္ဆင္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည္ဟု တ႐ုတ္သံ႐ုံးက ယေန႔ ဇန္နဝါရီ ၄ရက္တြင္ ထုတ္ျပန္သည္။

ဒီဇင္ဘာလ ၁၇ ရက္ေန႔မွစ၍ လုပ္ငန္းအဖြဲ႕သည္ ျမန္မာႏိုင္ငံ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္တကြ ပုဂံဌာနခြဲမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ယခုအႀကိမ္ ျမန္မာႏိုင္ငံသို႔လာေရာက္သည့္ လုပ္ငန္းတာဝန္မ်ားႏွင့္ ျမန္မာႏိုင္ငံမွ ပါဝင္ေျဖရွင္းေပးရမည့္ လုပ္ငန္းေဆာင္႐ြက္ရန္ေနရာ၊ ကုန္ၾကမ္းပစၥည္းမ်ား ထားရွိမည့္ေနရာ၊ ေနထိုင္မႈေနရာ စသည့္ ေျမယာအသုံးျပဳမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ျမန္မာဘက္ႏွင့္ ညႇိႏႈိင္းေဆြးေႏြးခဲ့သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ဆိုသည္။

စီမံကိန္းအဖြဲ႕သည္ သဗၺညဳဘုရား စီမံကိန္းေနရာသို႔ သြားေရာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၿပီးစီးခဲ့သည့္ အေရးေပၚထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား ႏွင့္စပ္လ်ဥ္း၍လည္း အေသးစိတ္ စစ္ေဆးခဲ့ေၾကာင္းႏွင့္ လာမည့္ ဇန္နဝါရီလ ၈ ရက္ေန႔တြင္ ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္း တရားဝင္ စတင္ေဆာင္႐ြက္ျခင္းအခမ္းအနား က်င္းပမည္ျဖစ္ေၾကာင္းပါ သံ႐ုံးက ဆိုထားသည္။

၂၀၁၆ ခုႏွစ္ ၾသဂုတ္လက ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသတြင္ ၆.၈ အဆင့္ ေျမငလ်င္ လႈပ္ခတ္ခဲ့ရာ သဗၺညဳဘုရား အပါအဝင္ ေစတီပုထိုးမ်ား ရာႏွင့္ခ်ီ ထိခိုက္မႈရွိခဲ့ရသည္။

ျမန္မာႏိုင္ငံ၏ သမိုင္းဝင္ယဥ္ေက်းမႈအေမြအႏွစ္မ်ား တည္တံ့ခိုင္ၿမဲေစရန္အတြက္ ျမန္မာႏိုင္ငံ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံ စန္ရွီးျပည္နယ္ ယဥ္ေက်းမႈအေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရး သုေတသနဌာန စသည့္ အဖြဲ႕အစည္းမ်ားမွ ပညာရွင္မ်ားသည္ ပုဂံသို႔ အႀကိမ္မ်ားစြာ လာေရာက္ေလ့လာခဲ့ၿပီး ေစတီပုထိုးမ်ား ျပဳျပင္ထိန္းသိမ္းေရးအတြက္ ကနဦးအစီအစဥ္မ်ား ခ်မွတ္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔တြင္ တ႐ုတ္-ျမန္မာႏွစ္ဦးႏွစ္ဖက္သည္ ပုဂံ၌ သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရးစာလႊာကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သံ႐ုံးကေဖာ္ျပသည္။

၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ စန္ရွီးပညာရွင္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီး သဗၺညဳဘုရား အေရးေပၚျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ခဲ့ေသးသည္ဟုလည္းသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071