သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ ဘုရားဖူးပြည်သူ (၁၅၀,၀၀၀)ကျော် လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(ပုဂံ)ရုံးခွဲမှ သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးပြည်သူများ သွားရောက်လည်ပတ်ခဲ့ကြပြီး သမိုင်းဝင်အထင်ကရဘုရားများ၊ သာသနိက အဆောက်အအုံများ၊ အပန်းဖြေဆင်စခန်းတို့တွင် ခရီးသွားများဖြင့် စည်ကားနေကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်အလွန်များပြားလာခြင်းကြောင့် E-Bike များ၊ မီနီအိုးဝေများ ကြိုတင်မှာယူမှုဖြင့်ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအပါအဝင် ကမ်းခြေများဖြစ်သည့် ချောင်းသာ၊ငွေဆောင်၊ တောင်ကြီး၊အင်းလေးခရီးစဉ်များတွင်လည်း ခရီးသွားများဖြင့် စည်ကားနေကြောင်း သိရသည်။
