ပုဂံရှိ ဘုရားအမှတ်(၁၄၆၇)လောကဥသျှောင်ဘု ရား၏ အရှေ့ဘက်မုခ်တောင်ဘက်ခြမ်း စိုင်ပေါင်မှအုတ်ချပ်များကွာကျနေ
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ်(၁၄၆၇) လောကဥသျှောင်ဘုရား၏ အရှေ့ဘက်မုခ်တောင်ဘက်ခြမ်း စိုင်ပေါင်မှအုတ်ချပ်များ စက် တင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကကွာကျသွားခဲ့သည်ဟု ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။
ယင်းနေ့နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်က ကွာကျခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းစေ တီ၊ပုထိုး၊အုတ်အဆောက်အအုံများ ပျက်စီးမှု ရှိ၊မရှိအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ် ဆေးခဲ့ရာမှတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဘုရားအမှတ်(၁၄၆၇)လောကဥသျှောင် ဘုရား၏ အရှေ့ဘက်မုခ်တောင်ဘက်ခြမ်း စိုင် ပေါင်မှ အလျား ၁ ပေ ၉ လက်မ၊ အနံ ၁ ပေ ၉ လက်မခန့်၊ အမြင့် ၄ ပေခန့်၊ ထု ၁ ပေခန့် ပျက်စီးကွာကျခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကွာကျနေသည့် အုတ်ချပ်များအား ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦး စီးဌာန(ပုဂံဌာနခွဲ)က ရှေးမူမပျက်ပြန်လည်ပြုပြင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘုရားအမှတ်(၁၄၆၇)လောကဥသျှောင်ဘုရားသည် ညောင်ဦးမြို့နယ်၊တောင်ဘီကျေးရွာအနီး၌ တည်ထားသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။