မြန်မာဗီဒီယိုဈေးကွက်အသစ်တစ်ခုဖြစ်တဲ့ ပီတိထုတ်လုပ်ဖြန့်ချိရေး ရဲ့ ၃၅ဝကျပ်နဲ့ ဖြန်ချိမှုဈေးကွက်က တော့ တရားဝင်ရပ်ဆိုင်းလိုက်ပြီ ဖြစ် ပါတယ်။ ပီတိဗီဒီယိုဖြန့်ချိရေးအနေနဲ့ စက်တင်ဘာလ ၅ရက်နေ့က စတင် ပြီး သုံးလတာအတွင်း ဇာတ်ကား ၁၁ ကားဖြန့်ချိခဲ့ပေမယ့် ဇာတ်ကားတွေ ကို ရောင်းချပေးနေတဲ့ ABCဆိုင်ကို ဝင်ရောက်ဖမ်းဆီးမှုတွေဖြစ်ပေါ်ခဲ့ပါ တယ်။ ဒီလိုဖမ်းဆီးချိန်မှာ ဘေးဆိုင် က အရောင်းတာဝန်ခံမိန်းကလေး တစ်ဦးလည်း အဖမ်းခံရပြီး အချုပ်ကျ တရားစွဲဆိုခြင်းခံရတာကြောင့် ပီတိ ဗီဒီယိုအနေနဲ့ လက်ရှိအချိန်မှာ တရား ရင်ဆိုင်နေတယ်လို့ သိရပါတယ်။ ဦးလူမင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်စဉ်က ပီတိဗီဒီယိုကိုတော့ ၆ လစမ်းသပ်လုပ်ကိုင်ခွင့်ကို မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ တ ရားဝင်ခွင့်ပြုခဲ့တာဖြစ်တဲ့အတွက် အခုလိုရပ်ဆိုင်းလိုက်ခြင်းအပေါ် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့လူမင်းက ”ပီတိ က ဒီလိုဖြန့်ချိမှုတွေ ရပ်လိုက်ပြီဆိုရင် မြန်မာဗီဒီယိုကို အားပေးနေတဲ့ ပရိ သတ်တွေအတွက်ရော၊ ကိုယ်တို့ လောကအတွက်ရောအများကြီး နစ်နာရတယ်။
ဗီဒီယိုဇာတ်ကား တစ် ကားရုက်ကူးရင် အနည်းဆုံးလူ ၂၅ ယောက်လောက်အလုပ်ရကြတယ်။ နောက်မျိုးဆက်သစ်လူငယ်တွေအ တွက်လည်း ဗီဒီယိုဆိုတာ လက်တွေ့ ခြေစမ်းကွင်းတစ်ခုပဲ။ ဒါကြောင့် ရည်ရွယ်ချက်လည်းကောင်းတယ်၊ အောင်မြင်မှုလည်းရတယ်၊ လုပ်နည်း လုပ်ဟန်လည်းမှန်ကန်ပါရဲ့နဲ့ ရပ် ဆိုင်းလိုက်ရတယ်ဆိုတာက မှားယွင်း မှုတစ်ခုပါပဲ။ အစ်ကိုလည်းဥက္ကဋ္ဌ အဖြစ် လေးနှစ်တာဝန်ထမ်းဆောင် ခဲ့တဲ့အချိန်မှာ ဗီဒီယိုဈေးကွက်ပြန် ကောင်းအောင် နည်းမျိုးစုံနဲ့လုပ်ခဲ့ ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဗီဒီယို ဟာ ပျောက်လုနီးပါးဖြစ်နေချိန်မှာ စီးပွားရေးသမားတွေကပဲ ဈေးကွက် ကို တွက်ချက်ပြီးလုပ်နိုင်ခဲ့ကြတာပါ။ ဒီအပေါ်မှာ ကိုယ့်လောကအတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပူးပေါင်း အားပေးပြီး ဈေးကွက်ကြီးကောင်း သွားရင် တစ်လောကလုံးအတွက် ကောင်းတဲ့ လျှောက်လမ်းတစ်ခုပါပဲ။ အခုကလမ်းဖောက်ပြီး လမ်းမပေါက် ခင်လမ်းပျက်သွားသလိုပါပဲ။ ဗီဒီယို အခြေခံအဖွဲ့အနေနဲ့လည်း လုပ်ထုံး လုပ်နည်းနဲ့ကတော့ အညီပါပဲ”လို့ ပြောပြပါတယ်။မြန်မာဗီဒီယိုဈေးကွက်အသစ်တစ်ခုဖြစ်တဲ့ ပီတိထုတ်လုပ်ဖြန့်ချိရေး ရဲ့ ၃၅ဝကျပ်နဲ့ ဖြန်ချိမှုဈေးကွက်က တော့ တရားဝင်ရပ်ဆိုင်းလိုက်ပြီ ဖြစ် ပါတယ်။
ပီတိဗီဒီယိုဖြန့်ချိရေးအနေနဲ့ စက်တင်ဘာလ ၅ရက်နေ့က စတင် ပြီး သုံးလတာအတွင်း ဇာတ်ကား ၁၁ ကားဖြန့်ချိခဲ့ပေမယ့် ဇာတ်ကားတွေ ကို ရောင်းချပေးနေတဲ့ ABC ဆိုင်ကို ဝင်ရောက်ဖမ်းဆီးမှုတွေဖြစ်ပေါ်ခဲ့ပါ တယ်။ ဒီလိုဖမ်းဆီးချိန်မှာ ဘေးဆိုင် က အရောင်းတာဝန်ခံမိန်းကလေး တစ်ဦးလည်း အဖမ်းခံရပြီး အချုပ်ကျ တရားစွဲဆိုခြင်းခံရတာကြောင့် ပီတိ ဗီဒီယိုအနေနဲ့ လက်ရှိအချိန်မှာ တရား ရင်ဆိုင်နေတယ်လို့ သိရပါတယ်။ ဦးလူမင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်စဉ်က ပီတိဗီဒီယိုကိုတော့ ၆ လစမ်းသပ်လုပ်ကိုင်ခွင့်ကို မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ တ ရားဝင်ခွင့်ပြုခဲ့တာဖြစ်တဲ့အတွက် အခုလိုရပ်ဆိုင်းလိုက်ခြင်းအပေါ် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့လူမင်းက ”ပီတိ က ဒီလိုဖြန့်ချိမှုတွေ ရပ်လိုက်ပြီဆိုရင် မြန်မာဗီဒီယိုကို အားပေးနေတဲ့ ပရိ သတ်တွေအတွက်ရော၊ ကိုယ်တို့ လောကအတွက်ရောအများကြီး နစ်နာရတယ်။ ဗီဒီယိုဇာတ်ကား တစ် ကားရုက်ကူးရင် အနည်းဆုံးလူ ၂၅ ယောက်လောက်အလုပ်ရကြတယ်။ နောက်မျိုးဆက်သစ်လူငယ်တွေအ တွက်လည်း ဗီဒီယိုဆိုတာ လက်တွေ့ ခြေစမ်းကွင်းတစ်ခုပဲ။ ဒါကြောင့် ရည်ရွယ်ချက်လည်းကောင်းတယ်၊ အောင်မြင်မှုလည်းရတယ်၊ လုပ်နည်း လုပ်ဟန်လည်းမှန်ကန်ပါရဲ့နဲ့ ရပ် ဆိုင်းလိုက်ရတယ်ဆိုတာက မှားယွင်း မှုတစ်ခုပါပဲ။ အစ်ကိုလည်းဥက္ကဋ္ဌ အဖြစ် လေးနှစ်တာဝန်ထမ်းဆောင် ခဲ့တဲ့အချိန်မှာ ဗီဒီယိုဈေးကွက်ပြန် ကောင်းအောင် နည်းမျိုးစုံနဲ့လုပ်ခဲ့ ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဗီဒီယို ဟာ ပျောက်လုနီးပါးဖြစ်နေချိန်မှာ စီးပွားရေးသမားတွေကပဲ ဈေးကွက် ကို တွက်ချက်ပြီးလုပ်နိုင်ခဲ့ကြတာပါ။ ဒီအပေါ်မှာ ကိုယ့်လောကအတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပူးပေါင်း အားပေးပြီး ဈေးကွက်ကြီးကောင်း သွားရင် တစ်လောကလုံးအတွက် ကောင်းတဲ့ လျှောက်လမ်းတစ်ခုပါပဲ။ အခုကလမ်းဖောက်ပြီး လမ်းမပေါက် ခင်လမ်းပျက်သွားသလိုပါပဲ။ ဗီဒီယို အခြေခံအဖွဲ့အနေနဲ့လည်း လုပ်ထုံး လုပ်နည်းနဲ့ကတော့ အညီပါပဲ”လို့ ပြောပြပါတယ်။
ပီတိဗီဒီယိုအနေနဲ့လည်း အောင်မြင်တဲ့ဖြန်ချိမှုစနစ်တစ်ခုကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း ရုတ် တရက် ရပ်ဆိုင်းလိုက်ခြင်းအကြောင်း ကို”ကျွန်တော်တို့ ဒီလုပ်ငန်းကိုစ လုပ်ကတည်းက ရေရှည်စီမံကိန်း အနေနဲ့ စတင်ခဲ့တာပါ။ ကျွန်တော်တို့ အကျိုးရှိရင် အနုပညာလောက အတွက်လည်း အကျိုးရှိတယ်လို့ယူဆ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကLong Plan အနေနဲ့ တစ်နှစ်ချခဲ့ပါ တယ်။ ဗီဒီယိုအချပ်အရေအတွက် လည်း စုစုပေါင်း ၉၂၅ဝဝဝ ချပ် ရောင်းချနိုင်ခဲ့ပါတယ်။ ABC ဆိုင် တွေဆိုတာကလည်း ပီတိဗီဒီယိုရဲ့ လမ်းကြောင်းသစ်ဖောက်တဲ့နေရာ မှာ တစ်ဖက်တစ်လမ်းက အကူအညီ ပေးနေတဲ့ဆိုင်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာABC ဆိုင်က အပြစ်မဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အရောင်းဝန်ထမ်းတစ်ဦး အချုပ်ကျခံ ခဲ့ရပြီး အခုလည်းကျွန်တော်တို့ ဆက်လက်အမှုရင်ဆိုင်နေရပါတယ်။ ဒီလုပ်ငန်းကြောင့် အပြစ်မဲ့တဲ့ဝန် ထမ်းတစ်ဦးကိုတောင် လုံခြုံမှုမပေး နိုင်တဲ့အတွက်ကြောင့် ကျွန်တော် တို့လည်း များစွာစိတ်မကောင်းဖြစ်ရ ပါတယ်။ ဒီလို ကျွန်တော်တို့နဲ့ ပူး ပေါင်းလုပ်ဆောင်မယ့် ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ကာ ကွယ်မှုမပေးနိုင်ဘူးလို့ တွေ့ရှိရတယ်။ ဈေးကွက်မှာ ပီတိဗီဒီယိုရဲ့ ခြေလှမ်း သစ်ဟာ အောင်မြင်ခဲ့တယ်လို့ ယူဆ ပါတယ်။ ဒါကြောင့်လည်း အောင်မြင် စွာနဲ့ပဲ ရပ်ဆိုင်းလိုက်ပါတယ်”လို့ ပီတိဗီဒီယို ဖြန့်ချိရေးရဲ့ CEO ဦးဝင်းခိုင်က ဆိုပါတယ်။
ဒါရိုက်တာဝိုင်းကလည်း မျိုးဆက် သစ်အနုပညာ ရှင်တွေအတွက် ဗီဒီ ယိုလောကအခြေအနေအကြောင်းကို ”ကျွန်တော်အမြဲတမ်းယုံကြည်စွာနဲ့ ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိပါ တယ်။ ဗီဒီယိုကယ်လို့ မရတော့ဘူး သို့သော်ငြားလည်း မထင်မှတ်တဲ့ အနေအထားတစ်ခုကို ၃၅ဝ ကျပ်နဲ့ ဖြန့်ချိတဲ့အချိန်မှာတွေ့ခဲ့ရတယ်။ ဗီဒီယိုဇာတ်ကား ဖြန့်ချိနိုင်ခဲ့တဲ့ အရေအတွက်ဟာ ကျွန်တော်မထင် ထားတဲ့ အရေအတွက်ဖြစ်ခဲ့တယ်။ ပရီသတ်တွေ ဘက်ကဆိုရင်လည်း ကိုယ်ကြိုက်တဲ့အခွေကို သိမ်းထားလို့ ရတယ်။ အခွေလေးယူလာပြီး လက် မှတ်ထိုးခိုင်းတာမျိုးတွေဆိုရင် အနု ပညာသမားတွေလည်း ပီတိဖြစ်ရ တယ်။ နောက်ပြီးဖြန့်ချိနိုင်တဲ့ အရေ အတွက်ကိုကြည့်တော့ ငါထင်တာ မှားခဲ့ပြီလို့ အသိရတဲ့အထိပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ကျောင်းမရှိဘူး။ ဗီဒီယိုဟာ လက် တွေ့လေ့ကျင့်နိုင်တဲ့ကွင်းကြီး တစ်ခု လိုပါ။ ဒါပေမဲ့ ဗီဒီယိုလောက ပျောက် ကွယ်ခါနီးမှာ လမ်းစတွေ့ပြီး ပြန် ပျောက်သွားတယ်။ အခုလို ပီတိ ရပ် ဆိုင်းလိုက်တာက မျိုးဆက်သစ်တွေရဲ့ အနာဂါတ်ကိုသတ်လိုက်သလိုပါပဲ။ ကျွန်တော်တို့အနုပညာလောက အတွက်တော့ ဆုတစ်ခုတောင်းချင်ပါ တယ်။ ကျွန်တော်မြင်တဲ့နေက နေဝင် တာမဖြစ်ပါစေနဲ့၊ တိမ်တွေခဏဖုန်းတဲ့ နေပဲဖြစ်ပါစေလို့ဆုတောင်းပါတယ်” လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ်။
မြတ်မိုးပွင့်