Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsပို့ကုန်သွင်းကုန်သမားများအား Online Trading...

ပို့ကုန်သွင်းကုန်သမားများအား Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ထပ်ရောင်းပေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယနေ မေလ (၉) ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၅ သန်းကို ထပ်မံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်လာဈေး မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအ နေဖြင့် ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွ က် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတစ်ဆင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်များကို ရောင်း ချပေးနေခြင်းဖြစ်သည်။

ယင်းသို့ ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီ (၂)ရက်မှစတင်၍ မေလ (၉) ရက်(ယနေ့)အထိ (၃)လကျော်အတွင်း (၁၁)ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ (၂၆) သန်း၊ တရုတ်ယွမ် (၁၆ ဒသမ ၅) သန်းနှင့် ထိုင်းဘတ် (၁၉၆) သန်းအထိရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ (၁)ရက်မှစ၍ မတ်လ (၄) ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ (၁၅) ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ (၁၅)ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ (၁၉)ရက်မှစ၍ မတ်လ (၄) ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း (၁၃၀၀)နှင့် ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ်လာ (၄) သန်းနှင့်ညီမျှသော တရုတ်ယွ မ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘ ဏ်က ထုတ်‌ရောင်းပေးထားသည်။

ထို့ပြင် သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071