Friday, January 24, 2025

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု...

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀)...

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊...
HomeNewsLocal Newsပို့ကုန်ရငွေ၏ ထက်ဝက်ကိုသာ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်...

ပို့ကုန်ရငွေ၏ ထက်ဝက်ကိုသာ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန် ပြောင်းလဲသတ်မှတ်မှု ပို့ကုန်သမားများအတွက် အကျိုးအမြတ်ရှိနိုင်

ဗဟိုဘဏ်အနေဖြင့် ‌နိုင်ငံခြားငွေလဲနှုန်း ရည်ညွှန်းဈေးကို ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိသေး

ပြည်ပသို့ ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိတို့၏ ပို့ကုန်ရငွေထဲမှ ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်း ပြန်လဲလှယ်ကြရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ယခင်ညွှန်ကြားထားသည့် ၆၅ ရာခိုင်နှုန်းလဲလှယ်ရမည့် ညွှန်ကြားချက်အား ဇူလိုင် (၁၃) ရက် ရက်စွဲဖြင့် ၅၀ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်အရ ပို့ကုန်သမားများ၏ ပို့ကုန်ရငွေမှ ၅၀ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ဗဟိုဘဏ် ရည်ညွှန်းဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် ပြန်လည်လဲလှည်ရမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို မိမိကိုယ်တိုင်သုံးစွဲနိုင်သလို online trading တွင်လည်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ခွင့် ရှိမည် ဖြစ်သည်။

လက်ရှိတွင် Exporter နှင့် Importer များ အနေဖြင့် ဗဟိုဘဏ်မှ စီစဉ်ပေးသည့် Online Trading စနစ်ဖြင့် နိုင်ငံခြားငွေကို ဘဏ်များမှတဆင့် ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်နေကြသဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက်မှာ တည်ငြိမ်မှုရှိလာပြီဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိ ပို့ကုန်ကဏ္ဍ၌ တင်ပို့နေသည့် ကုန်ပစ္စည်းများတွင် ဝယ်ယူရသည့်အရင်းပေါ်မူတည်ပြီး အရင်းသာ သာမျှသာရရှိသည့် ကုန်စည်များအ‌နေဖြင့်လည်း ယခင်ကထက် အမြတ်အစွန်း ပိုမိုရရှိလာနိုင်ချေရှိ နိုင်ငံခြားငွေကြေးဈေးနှုန်းလည်း ကျဆင်းလာနိုင်ချေရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

“၅၀ /၅၀ သတ်မှတ်လိုက်တော့ အရင်ထက်စာရင် အသက်ရှူချောင်သွားတာပေါ့” ဟု ပြည်တွင်းရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ထို့အပြင် ဗဟိုဘဏ်က ဇူလိုင်လ (၁၃) ရက် နေ့စွဲဖြင့် ပြောင်းလဲသတ်မှတ်လိုက်သည့် သတ်မှတ်ချက်နှင့်ပတ်သက်၍ ပို့ကုန်များပိုမိုတင်ပို့ရန် တွန်းအားတစ်ရပ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကလည်း ပြောကြားထားသည်။

ဗဟိုဘဏ်အနေဖြင့်လည်း ‌နိုင်ငံခြားငွေလဲနှုန်းရည်ညွှန်းဈေးကို ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် ဈေးကစားရန် ကြံစည်သူများကို တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အကြံပြုချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိရန် ဆောင်ရွက်နိုင်ရေး၊ NCA ကို...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု ရုရှားဆို

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စ်ကော့ဗ်က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်များကို ဆွေးနွေးလိုသည့် ဝါရှင်တန်၏ ဆန္ဒနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်များမှ မေးမြန်းရာတွင် ပက်စ်ကော့ဗ်က “ကျွန်ုပ်တို့၏နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ကျွန်ုပ်တို့ စိတ်ဝင်တစားရှိနေပါသည်"ဟု ပြန်လည်ဖြေကြားသည်။ "လက်ရှိအခြေအနေမှာ၊ နျူကလီးယားစွမ်းရည်အားလုံးကို...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသော ပါတီ (၁၉) ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လ က် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၅၀) ၊ စုစုပေါင်း (၆၉) ပါတီရှိပြီဖြစ်သည်ဟုလည်း သိရသည်။ လျှောက်ထားသည့် အဖွဲ့များအားလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071