ပိုလန်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက် တနင်္လာနေ့က လေယာဉ်ရုံပေါ်သို့ လေယာဉ်ငယ် တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူငါးဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပိုလန်မြို့တော် ဝါဆော၏ မြောက်ဘက် ၃၁ မိုင်အကွာ ခရက်စီနို ရွာရှိ မိုးပျံဒိုင်ဗင်စင်တာမှာ အဆိုပါ မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပျက်ကျခဲ့သော လေယာဉ်မှာ ဆက်စနို ၂၀၈ အမျိုးအစား ဖြစ်သည်ဟု ပိုလန်မီဒီယာက ဖော်ပြထားသည်။ သေဆုံးသူများတွင် လေယာဉ်မှူးအပါအဝင် မိုးလေထန်သော ရာသီဥတုဒဏ်ကြောင့် လေယာဉ်ရုံ၌ ခိုလှုံနေသော လူလေးဦးလည်း ပါဝင်ခဲ့သည်။
ယာဉ်မတော်တဆဖြစ်ရာ နေရာသို့ ရဟတ်ယာဉ် လေးစီးနှင့် လူနာတင်ကား ၁၀ စီး ကို စေလွှတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အာဒံ နီရဲဂျယ်စကီက ပြောသည်။
ပိုလန် အာဏာပိုင်များသည် မတော်တဆမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းလျက်ရှိသည်။ ရာသီဥတုအခြေအနေသည် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းထဲက တစ်ခု ဖြစ်နိုင်သည်လည်း ယူဆထားသည်။
Source:WION