Tuesday, April 22, 2025

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...
HomeInternationalပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းကျော်...

ပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားသော တစ်ချိန်က အာရှတိုက်၏ ဒုတိယ အချမ်းသာဆုံး တရုတ်ဘီလျံနာကြီး

ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုများနှင့် စီးပွားရေး အားနည်းလာမှုကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်သည် တရုတ်နိုင်ငံရှိ သူဌေးကြီးများ အထူးသဖြင့် အိမ်ခြံမြေဈေးကွက်ဖြင့် ကြီးပွားလာသူများအတွက် သာယာပျော်ရွှင်ဖွယ် မကောင်းခဲ့ပေ။

တရုတ်နိုင်ငံရှိ အိမ်ခြံမြေကုမ္ပဏီကြီး ချိုင်းနား အဲဗားဂရန်း၏ ဥက္ကဌဖြစ်သူ ဟွေကာရန်၏ အသားတင်ပိုင်ဆိုင်မှုသည် ၉၃ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း ဘလွန်းဘတ် ဘီလျံနာ အညွှန်း၏ ဖော်ပြချက်အရ သိရသည်။

တစ်ချိန်က အာရှတိုက်၏ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည့် ဟွေကာရန်၏ ချမ်းသာကြွယ်ဝမှုသည် ၂၀၁၇ ခုနှစ်တွင် ၄၂ ဘီလီယံရှိခဲ့ရာမှ ယခုအခါ ၃ ဘီလီယံသာ ကျန်ရှိတော့ကြောင်း ဘလွန်းဘတ် သတင်းဌာနက ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံ၏ အိမ်ခြံမြေပြဿနာများနှင့် လုံးချာရိုက်နေသော အဲဗားဂရန်းသည် ယခုလက်ရှိ ဒေါ်လာ သုံးရာ ဘီလီယံ အကြွေးပေးရန် ကျန်ရှိနေပြီး တရုတ်နိုင်ငံ၏ ကြွေးမြီအများဆုံး ကုမ္ပဏီဖြစ်နေသည်။

ဟွေသည် အကြွေးနွံနစ်နေသော သူ၏ ကုမ္ပဏီကို ထောက်ပံ့ရန်အတွက် အိမ်များနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်များကို ရောင်းချခဲ့သည့်အပြင် သူ၏ ကိုယ်ပိုင် ငွေကြေးများကိုပါ အသုံးပြုခဲ့သည်ဟု သိရသည်။

အဲဗားဂရန်းသည် ဝန်ထမ်း ၂ သိန်းခန့်ရှိသော ကုမ္ပဏီကြီး တစ်ခုဖြစ်သည့်အတွက် အဆိုပါ ကုမ္ပဏီပြိုလဲမှုသည် တရုတ်အိမ်ခြံမြေဈေးကွက်ကို အလွန်ကျပ်တည်းသော အခြေအနေဆီသို့ ပို့ဆောင်စေနိုင်ပြီး အိမ်ပိုင်ရှင်များနှင့် ဘဏ္ဍာရေးစနစ်တို့အား ထိခိုက်စေမည်ကို လေ့လာသူများက စိုးရိမ်နေကြသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကိုမူ ပေတုံတန်က ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုင်းမှပို့ကုန်ပစ္စည်းများအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် ထရမ့်ပ်အစိုးရ၏ အစီအစဉ်ကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး ယခုသီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ဦးဆောင်ညှိနှိုင်းသူဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071