Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeCelebrities' Newsပိုင်တံခွန် ရဲ့အချစ်ရေး ပွင့်ပွင့်လင်းလင်းပြောပြီ

ပိုင်တံခွန် ရဲ့အချစ်ရေး ပွင့်ပွင့်လင်းလင်းပြောပြီ

မော်ဒယ်ပိုင်တံခွန်ကတော့ စီးပွားရေးကြော်ညာတွေ၊ Music MTV တွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အား ပေးမူရရှိလာသူလည်း ဖြစ်ပါတယ်။ သူကတော့ ခုနောက်ပိုင်း သရုပ်ဆောင်တစ်ဦးအဖြစ်  ဗီဒီယို ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်လာပြီ ဖြစ်ပါတယ် တက်သစ်စမင်းသားတစ်လက်ဖြစ်တဲ့ သူအနေနဲ့ ဇာတ်ကားတွေ ရွေးချယ် ရိုက်ကူးနေတာနဲ့ ပတ်သတ်ပြီး”အစကတည်းက ကျွန်တော်ဖြစ်ချင်ခဲ့တာက သရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ မော်ဒယ် တစ်ယောက်အနေနဲ့ မော်ဒယ်  အလုပ်ကိုတော့ ပုံမှန်လုပ်ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းမှာ ကျွန်တော့်ကို ခေါင်းဆောင်မင်းသားအနေနဲ့ လာ ကမ်းလှမ်းလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဗီယိုဇာတ်ကားတွေ ရိုက်ဖြစ်ပါတယ်။ ခေါင်းဆောင် နေရာကပဲ ရွေးချယ်ရိုက်ကူး ဖြစ်တာများပါတယ်။  ဒါမှမဟုတ်လည်း ကျွန်တော်အတွက် နေရာရပြီး တကယ်လုပ်ကွက်ရှိတဲ့ ဇာတ်ကားတွေဆိုရင်လည်း လက်ခံရိုက်ကူးဖြစ်ပါတယ်။ တစ်ချို့ ကာရိုက် တာတွေကကျတော့ ကျွန်တော့်အတွက် နေရာမရတာတွေရှိတယ်။ လုပ်နိုင်စွမ်း ရှိရင်တောင် လုပ်ပိုင် ခွင့်မရှိတာတွေရှိပါတယ်။ အဲဒီလိုအခြေအနေမှာတော့ကာရိုက်တာ ရွေးချယ်ရတာ တွေ ရှိပါ တယ်။ နောက်ပိုင်း မှာလည်း အများကြီး ကြိုးစား သွားမှာပါ” လို့ ပြောပြခဲ့ပါ တယ်။

ပရိသတ်ဝေဖန်မှုများနေတဲ့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ခုလို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ကျွန်တော်ရဲ့ အချစ်ရေးကို တော်တော်များများက သိချင်ကြတယ်၊ မေးကြပါတယ်။ ချစ်သူများနေ့ နီးလာပြီဆိုရင် ပိုဆိုးလာတယ်။ အဲဒီ လိုမေးတာကလည်း ကျွန်တော်ကို ပရိသတ်တွေက ဝေဖန်ကြတယ်ပေါ့နော်။ ခုနောက် ပိုင်းဆိုရင် ပိုဆိုးပါတယ်။ ပိုင်တံခွန်ဆိုတာ အခြောက်၊ ဟိုမိုဆိုပြီး ဝေဖန်ကြ တာရှိပါတယ်။ တစ်ချို့ကအဲဒါကို ဟုတ်လား မဟုတ်လား သေချာသိချင်ကြတယ်။တစ်ချို့ပိုင်တံခွန်မှာချစ်သူရှိလား။ ဘယ်သူလဲဆိုတာ သိချင်ကြတယ်။ ကောလဟ လတွေကလည်းထွက်တယ် ဟိုမော်ဒယ် နဲ့ကြိုက်တယ်။

ဒီမင်းသမီးနဲ့ ကြိုက်နေ တယ်။ စသဖြင့်ပေါ့။ အဲ့ဒါကြောင့် ကျွန်တော့်ပရိသတ်တွေက အချစ်ရေးကို သိချင်ကြတာနေမှာပါ။ ဒါပေမဲ့သေချာတာတစ်ခုကတော့ ကျွန်တာ် အခုလက်ရှိ မှာအလုပ်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။  သူ့အနေနဲ နောက်ပိုင်းမှာချစ်သူတစ်ယောက်ရွေးချယ်ဖြစ်ခဲ့ရင် ဘယ်လို ပုံစံမျိုးဖြစ်မလဲလို့မေးမြန်းခဲ့ရာ”အဓိကတော့ မိန်ကလေးပါ့နော်။ အဲဒီ မိန်က လေးက ဘယ်လိုပုံစံဖြစ်ရမယ်လို့ သတ်မှတ်ထားတာ တော့မရှိပါဘူး။ ဆင်းရဲ၊ချမ်းသာ ပညာတတ်ဆိုပြီး မခွဲခြားပါဘူး။ ဒါ ပေမဲ့ ကျွန်တာ့်အပေါ်မှာ သစ္စာရှိရမယ် ကျွန်တော့်ကိုလည်း တကယ် ချစ်မယ်။ ကျွန်တော့် အလုပ်ကို လည်း နားလည်ပေးရမယ်ပေါ့။ ကျွန်တော် ကလည်း သူ့ကို တကယ်ချစ် မယ်ပေါ့။ အချစ်အကြောင်းတွေလည်း ကျွန်တော် အများကြီး မသိပါဘူး။ အချစ်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတာတော့မရှိပါဘူး။ ရေရှည် ကိုယ်နဲ့အတူ ဘဝတစ်ခုကို တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော် နှလုံးသားက တောင်းဆိုလာတဲ့ ဘယ်လိုမိန်းက လေး မျိုးမဆို လက်ခံဖြစ် မှာပါ”  လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071