နေပြည်တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကွပ်ကဲမှုအောက်ရှိ တုံဂပူရိရေစက်ရုံမှ ရွှေကြာပင်ရေသန့်စင်စက်ရုံနှင့် ကျောက်မျက်ရေသန့်စင် စက်ရုံတို့သို့ရေတင်ပို့သော 355 mm HDPE ပိုက်လိုင်းသည် တုံဂပူရိမီးပွိုင့်အနီးရှိ Culvert အတွင်း ပိုက်လိုင်းရေယိုမှုဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် အောက်တိုဘာ ၁၀ ရက်မွန်းလွဲပိုင်းမှစတင်ကာ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ ပြင်ဆင်နေစဉ်အတွင်း ရွှေကြာပင်ရေသန့်စင်စက်ရုံမှ ရေပေးဝေသော ရွှေကြာပင်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ရွှေကြာပင်အထူးကွက်၊ သပြေကုန်းအထူးကွက်တို့တွင် ခေတ္တရေပြ-တ်ခဲ့သည်။
ထို့အတူ ကျောက်မျက်ရေသန့်စင်စက်ရုံမှ ရေပေးဝေနေသော ကျောက်မျက်၊ ထန်းတပင်ရပ်ကွက်၊ ရွှေစေတီရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာ(၁၊၂)နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့တွင်လည်း ခေတ္တရေပြ-တ်ခဲ့ရသည်။
ထို့ကြောင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ခေဘတ္တရေပြ-တ်ခဲ့ခြင်းအတွက် အနူးအညွတ်မေတ္တာရပ်ခံသည်ဟု အသိပေးခဲ့သည်။
