အမျိုးသမီး ၇၅ ဦးနှင့် က-လေ-း ၂၅၀ အပါအဝင် ပါလက်စတိုင်းနေထိုင်သူ ၉၃၀၀ ကျော်ကို အစ္စရေးအာဏာပိုင်များက ဖမ်းဆီးကာ အကျဉ်းထောင်များတွင် ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်း အကျဉ်းသားများအသင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အစ္စရေး အာဏာပိုင်များသည် သံသယရှိသူအား တစ်ကြိမ်လျှင် ခြောက်လကြာ ထိန်းသိမ်းထားနိုင်စေသည့် ‘အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှု’ အောက်တွင် အကျဉ်းသား ၃,၄၀၀ ကျော်ကို ထိန်းသိမ်းထားပြီး၊ ယင်းတို့ကို အကန့်အသတ်မရှိ သက်တမ်းတိုးနိုင်သည်။ ယင်းတို့အနက် ကျောက်ခဲများဖြင့် ပစ်ပေါက်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသည့် ပါလက်စတိုင်းက-လေ-းငယ်များလည်း ပါဝင်သည်။
အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအရ ထိန်းသိမ်းခံထားရသော အကျဉ်းသားများအား သူတို့၏ ရှေ့နေများကိုပင် ကြည့်ရှုခွင့် ပိတ်ပင်ထားသည်။
ပါလက်စတိုင်းအကျဉ်းသားများအရေးသည် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တင်းမာမှုများ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ဂါဇာတွင် ထိန်းသိမ်းခံထားရသော အစ္စရေးသုံ့ပန်းများနှင့် လဲလှယ်ပေးရန် ပါလက်စတိုင်းအဖွဲ့ခွဲမှ အစ္စရေးအား တောင်းဆိုခဲ့သည်။
