Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeInternationalပါရီတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့်...

ပါရီတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူသုံးဦးသေ၊ သုံးဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပါရီမြိုရှိ ကာ့ဒ်ယဉ်ကျေးမှုစင်တာတစ်ခုတွင် သေနတ်သမားတစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် လူ ၃ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်မြို့တော်၏ လူစည်ကားသော ၁၀ ခုမြောက် စီရင်စုရှိ အန်ဟီယန် လမ်းပေါ်တွင်ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၃ ဦးစလုံးမှာ ကာ့ဒ်လူမျိုးမှာ ဖြစ်သည်ဟု ကာ့ဒ်ယာဉ်ကျေးမှုစင်တာ၏ ရှေ့နေ့က ရိုက်တာသတင်းဌာနသို့ ပြောခဲ့သည်။ သေဆုံးသူများအပြင် အခြားလူသုံးဦး ဒဏ်ရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည် သူကဆိုသည်။

အသက် ၆၉ နှစ်အရွယ် ရထားယာဉ်မောင်းဟောင်းကို သံသယရှိသူအဖြစ် ဖမ်းဆီးထားကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။

ထိုလူသည် လွန်ခဲ့သောတစ်နှစ်က ရွှေ့ပြောင်းအခြေချစခန်းတစ်ခုအား တိုက်ခိုက်ခဲ့မှုကြောင့် မကြာသေးမီကမှ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်ပြီး တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေရသူဖြစ်သည်ဟု ပါရီအစိုးရရှေ့နေ ကဆိုသည်။

စုံစမ်းရေးမှူများကလည်း အဆိုပါဖြစ်ရပ်မှာ လူမျိုးရေးခွဲခြားစိတ်ပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဟုတ် မဟုတ် ကောက်ချက်ချရန် စဉ်းစားနေသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သောကြာနေ့ ညနေပိုင်းတွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာသည် အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းတွင် ဆန္ဒပြခဲ့ရာ ရဲများက မျက်ရည်ယိုဓာတ်ငွေ့များသုံး၍ လူစုဖြိုခွဲခဲ့ရကြောင်း သိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ ပစ်ခတ်မှုမှာ ပြင်သစ်ရှိ ကာ့ဒ်လူမျိုးများကို ပစ်မှတ်ထားသည့် စက်ဆုပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင်းနှင့် ရှုတ်ချပါကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071