Monday, January 20, 2025

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...

စူပါမော်ဒယ်လောကထိုင်းဝင်ဆန့်နိုင်ရေးညိုမီကမ့်ဘဲလ်အကူအညီတောင်း

ဆော့ဖ်ပါဝါမြှင်တင်ရေးနှင့် နိုင်ငံသားများ ပိုမိုကြွယ်ဝစေရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းလူမျိုးများက ကမ္ဘာ့အဆင့်မီ မော်ဒယ်လောကတွင် ဝင်ဆန့်နိုင်ရေးအတွက် ၎င်း၏ စိတ်ကူးကို အကြံညဏ်ပေးရန်အတွက်...
HomeInternationalပါရာဂွိုင်း ရွေးကောက်ခံသမ္မတက ထိုင်ဝမ်သမ္မတနှင့်သွားရောက်တွေ့ဆုံမည်

ပါရာဂွိုင်း ရွေးကောက်ခံသမ္မတက ထိုင်ဝမ်သမ္မတနှင့်သွားရောက်တွေ့ဆုံမည်

တရုပ် (တိုင်ပေ)၊ဇူလိုင် ၉

တရုတ်နိုင်ငံဘက်မှ ထိုင်ဝမ်၏မဟာမိတ်များ တဖြည်းဖြည်းလျော့နည်းလာရန်ကြိုးပမ်းနေချိန်၌ ပါရာဂွိုင်းနိုင်ငံ၏ရွေးကောက်ပွဲ အနိုင်ရ သမ္မတ ဆန်တီယာဂိုပီနာသည် ယခုတစ်ပတ်အတွင်း ထိုင်ဝမ်သို့သွားရောက်လည်ပတ်ကာ သမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပါရာဂွိုင်း နိုင်ငံသည် ထိုင်ဝမ်နှင့်တရားဝင်သံတမန်ဆက်ဆံရေးရှိသည့် နောက်ဆုံးသောတောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်သည် ဟွန်ဒူးရပ်စ်အပါအဝင် အခြား သော လက်တင်အမေရိကနိုင်ငံများထံမှ ထောက်ခံမှုများကိုမကြာမီအချိန်တွင်းကဆုံးရှုံးခဲ့ရသည်။

ယခုအခါထိုင်ဝမ်သည် အမေရိကအလယ်ပိုင်း၊ကာရေဘီယံနှင့်ပစိဖိတ်ဒေသများရှိ ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့်သာ တရားဝင်သံတမန်ဆက်ဆံရေးရှိတော့ကြောင်းသိရသည်။ ထိုင်ဝမ်၏မိတ်ဖက်နိုင်ငံများအပေါ် လွှမ်းမိုးနိုင်ပြီး အထူးသဖြင့်လက်တင်အမေရိကနိုင်ငံများသို့ တရုတ်၏ဩဇာချဲ့ထွင်ရန်ကြိုးပမ်းမှုများက ဝါရှင်တန်အတွက်သတိပေးချက်တစ်ခုလည်းဖြစ်လာခဲ့သည်။

ပါရာဂွိုင်း သမ္မတသစ် ပီနာကမူ ထိုင်ဝမ်သမ္မတအား ၎င်း၏အထူးမိတ်ဆွေဟုခေါ်ဝေါ်သုံးစွဲခဲ့ပြီး ယူအေအီးနိုင်ငံမြို့တော်အဘူဒါဘီမှအပြန်တွင် ထိုင်ဝမ်သို့သွားကာသမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်း၏တွစ်တာအကောင့်၌ရေးသားဖော်ပြခဲ့သည်။ထို့ပြင်မစ္စတာပီနာသည် ၎င်း၏မဲဆွယ်ကာလကလည်း ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးခိုင်မြဲအောင်ဆောင်ရွက်မည်ဟုလည်းကတိပြုထားသူတစ်ဦးဖြစ်သည်။

မစ္စတာပီနာသည်၎င်း၏အစိုးရသစ်အဖွဲ့ဝင်များနှင့်အတူ ယခုခရီးစဉ်အားသွားရောက်မည်ဖြစ်ပြီး ၎င်းအစိုးရအဖွဲ့မှနိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးများလည်းပါဝင်မည်ဖြစ်ကာ ထိုင်ဝမ်နှင့်ပါရာဂွိုင်း တို့၏ ၆၆ နှစ်မြောက်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်ကိုလည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀)ရက်စွဲနှင့် ထုတ်ပြန်လာသည်။ ကိုးကန့်ဒေသနှင့် "ဝ" ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071