Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeInternationalပါရာဂွိုင်း ရွေးကောက်ခံသမ္မတက ထိုင်ဝမ်သမ္မတနှင့်သွားရောက်တွေ့ဆုံမည်

ပါရာဂွိုင်း ရွေးကောက်ခံသမ္မတက ထိုင်ဝမ်သမ္မတနှင့်သွားရောက်တွေ့ဆုံမည်

တရုပ် (တိုင်ပေ)၊ဇူလိုင် ၉

တရုတ်နိုင်ငံဘက်မှ ထိုင်ဝမ်၏မဟာမိတ်များ တဖြည်းဖြည်းလျော့နည်းလာရန်ကြိုးပမ်းနေချိန်၌ ပါရာဂွိုင်းနိုင်ငံ၏ရွေးကောက်ပွဲ အနိုင်ရ သမ္မတ ဆန်တီယာဂိုပီနာသည် ယခုတစ်ပတ်အတွင်း ထိုင်ဝမ်သို့သွားရောက်လည်ပတ်ကာ သမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပါရာဂွိုင်း နိုင်ငံသည် ထိုင်ဝမ်နှင့်တရားဝင်သံတမန်ဆက်ဆံရေးရှိသည့် နောက်ဆုံးသောတောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်သည် ဟွန်ဒူးရပ်စ်အပါအဝင် အခြား သော လက်တင်အမေရိကနိုင်ငံများထံမှ ထောက်ခံမှုများကိုမကြာမီအချိန်တွင်းကဆုံးရှုံးခဲ့ရသည်။

ယခုအခါထိုင်ဝမ်သည် အမေရိကအလယ်ပိုင်း၊ကာရေဘီယံနှင့်ပစိဖိတ်ဒေသများရှိ ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့်သာ တရားဝင်သံတမန်ဆက်ဆံရေးရှိတော့ကြောင်းသိရသည်။ ထိုင်ဝမ်၏မိတ်ဖက်နိုင်ငံများအပေါ် လွှမ်းမိုးနိုင်ပြီး အထူးသဖြင့်လက်တင်အမေရိကနိုင်ငံများသို့ တရုတ်၏ဩဇာချဲ့ထွင်ရန်ကြိုးပမ်းမှုများက ဝါရှင်တန်အတွက်သတိပေးချက်တစ်ခုလည်းဖြစ်လာခဲ့သည်။

ပါရာဂွိုင်း သမ္မတသစ် ပီနာကမူ ထိုင်ဝမ်သမ္မတအား ၎င်း၏အထူးမိတ်ဆွေဟုခေါ်ဝေါ်သုံးစွဲခဲ့ပြီး ယူအေအီးနိုင်ငံမြို့တော်အဘူဒါဘီမှအပြန်တွင် ထိုင်ဝမ်သို့သွားကာသမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်း၏တွစ်တာအကောင့်၌ရေးသားဖော်ပြခဲ့သည်။ထို့ပြင်မစ္စတာပီနာသည် ၎င်း၏မဲဆွယ်ကာလကလည်း ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးခိုင်မြဲအောင်ဆောင်ရွက်မည်ဟုလည်းကတိပြုထားသူတစ်ဦးဖြစ်သည်။

မစ္စတာပီနာသည်၎င်း၏အစိုးရသစ်အဖွဲ့ဝင်များနှင့်အတူ ယခုခရီးစဉ်အားသွားရောက်မည်ဖြစ်ပြီး ၎င်းအစိုးရအဖွဲ့မှနိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးများလည်းပါဝင်မည်ဖြစ်ကာ ထိုင်ဝမ်နှင့်ပါရာဂွိုင်း တို့၏ ၆၆ နှစ်မြောက်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်ကိုလည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071